DPF Library Online Catalog Project
ဓမ္မပရိယာယဖောင်ဒေးရှင်း
သုတေသနဦးဆောင်မှုနှင့် ကွန်ယက်အစီအစဉ်
စာကြည့်တိုက်အွန်လိုင်းကတ်တလောက်စီမံကိန်း
မြန်မာနိုင်ငံတလွှားရှိ ဗုဒ္ဓတက္ကသိုလ်စာကြည့်တိုက်များရှိ စာအုပ်စာရင်းများကို ဗုဒ္ဓစာပေ သင်ယူလေ့လာသူများနှင့် သုတေသီများ လွယ်လင့်တကူ တစ်စုတစ်ဝေး ရှာဖွေကြည့်ရှုနိုင်ဖို့ရာ အွန်လိုင်းကတ်တလောက် တည်ဆောက်မည် ဖြစ်ပါသည်။
ဤလုပ်ငန်းစီမံကိန်းသည် ပိဋကဗဟိုပြုပညာရေးနှင့်တကွ ဆက်နွယ်ရာ ဘာသာရပ်များဆိုင်ရာ သုတေသနလုပ်ငန်းများအတွက် လိုအပ်သော အရင်းအမြစ်နှင့် အချက်အလက်များကို စုစည်းခြင်း စိစစ်ခြင်း မျှဝေခြင်းဆိုင်ရာ ဓမ္မ၀ဍ္ဎိ Data Management Project ဒေတာစီမံခန့်ခွဲမှုလုပ်ငန်းကြီး၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါသည်။
ထိုလုပ်ငန်းတွင် စာကြည့်တိုက်ဆိုင်ရာအချက်အလက်များကို စနစ်တကျ သိုမှီးနိုင်ရေးအတူ စာအုပ်ငှားရမ်းမှုလုပ်ငန်းပိုင်း၊ စာအုပ်ကတ်တလောက် ရှာဖွေကြည့်ရှုမှုအပိုင်းတို့ကို နေရာမရွေး အသုံးပြုနိုင်ရေးတို့ကို အထူးအလေးပေးသည့် အွန်လိုင်းစာကြည့်တိုက်စီမံခန့်ခွဲမှုစနစ်အနေနှင့် Enterprise Resource Planning Systemဖြင့် တည်ဆောက်ထားသော Library Management Systemနည်းပညာရပ်များကို အသုံးပြုမည်ဖြစ်ပါသည်။
ဤနည်းစနစ်ဖြင့် ဗုဒ္ဓတက္ကသိုလ်စာကြည့်တိုက်အသီးသီးမှ စာအုပ်စာတမ်း စာရင်းများကို လွယ်ကူမြန်ဆန်စွာ ရှာဖွေလေ့လာနိုင်မည်ဖြစ်၍ ဗုဒ္ဓစာပေလေ့လာရေးကဏ္ဍကြီး၏ သုတေသနလုပ်ငန်းများကို အတားအဆီး အပိတ်အပင် အကန့်အသတ်မရှိ ကျယ်ပြန့်စွာ အကောင်အထည် ဖော်နိုင်မည်ဖြစ်ပါသည်။
DPF Pitaka Audio Project
You May Also Like
DPF Library Restoration & Reconstruction Supply 2025/4
April 28, 2025
DPF Piṭaka Palmleaf Preservation Project 2026
December 14, 2025