DPF Social Responsibility Project 2024
ဓမ္မပရိယာယဖောင်ဒေးရှင်း
သုတေသနဦးဆောင်မှုနှင့်ကွန်ယက်အစီအစဉ်
လူမှုရေးတာဝန်ယူမှုစီမံကိန်း ၂၀၂၄
သဘာဝဘေးသင့်ဒေသများတွင် အရေးပေါ်ကယ်ဆယ်ရေးနှင့်လူသားချင်းစာနာထောက်ထားမှု အကူအညီ
သဘာ၀ဘေးအန္တရယ်ကြောင့် ဖြစ်ပေါ်လာသော လူနှင့်လူပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများအတွက် အရေးပေါ် တုံ့ပြန်ကယ်ဆယ်ရေးဆိုင်ရာ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သည်။
ဤလုပ်ငန်းစီမံကိန်းသည် သုတေသနနှင့်ဦးဆောင်မှုကွန်ယက်အစီအစဉ် လူသားချင်းဆိုင်ရာ စာနာထောက်ထားမှုနှင့် လူမှုရေးတာဝန်၀တ္တရာများဆိုင်ရာလုပ်ငန်းကြီး၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်ပါသည်။
ထိုလုပ်ငန်းတွင် သဘာ၀ဘေးအန္တရယ်ကြောင့် ဖြစ်ပေါ်လာသည့် ထိခိုက်ဆုံးရှုံးမှုများ လျော့ပါးရေး လုပ်ငန်းများ၊ အန္တရာယ်မကျရောက်မီ ကြိုတင်ပြင်ဆင်ခြင်းနှင့် ကာကွယ်ခြင်းလုပ်ငန်းများ၊ ကယ်ဆယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်မည်ဖြစ်ပါသည်။
ဤနည်းစနစ်ဖြင့် ကရုဏာပညာဦးစီးသော လူသားချင်းစာနာထောက်ထားမှုနှင့် လူမှုရေးတာဝန် ၀တ္တရားများဆိုင်ရာ လုပ်ငန်းကြီးများကို ခွဲခြားကန့်သတ်မှုမှုမရှိ ကျယ်ပြန့်စွာ အကောင်အထည် ဖော်နိုင်မည်ဖြစ်ပါသည်။
.
DPF Conference 2024 Paper Call
You May Also Like
Dhammapariyāya Research Fellowship
October 31, 2021
Support for Education and Research 2024
July 26, 2024