DPF Research Repository Project
ဓမ္မပရိယာယဖောင်ဒေးရှင်း
သုတေသနဦးဆောင်မှုနှင့် ကွန်ယက်အစီအစဉ်
Online Research Database Project
မြန်မာနိုင်ငံတလွှားရှိ ဗုဒ္ဓတက္ကသိုလ်များ၏ သုတေသနလုပ်ငန်းများမှ ထွက်ပေါ်လာသော ထုတ်ကုန်များကို စနစ်တကျ စုစည်းထိမ်းသိမ်း၍ ဗုဒ္ဓစာပေ သင်ယူလေ့လာသူများနှင့် သုတေသီများ လွယ်လင့်တကူ လေ့လာကြည့်ရှုနိုင်ဖို့ရာ အွန်လိုင်းဒေတာဘေစ့်ကွန်ယက် တည်ဆောက်မည် ဖြစ်ပါသည်။
ဤလုပ်ငန်းစီမံကိန်းသည် ပိဋကဗဟိုပြုပညာရေးနှင့်တကွ ဆက်နွယ်ရာ ဘာသာရပ်များ၏ သုတေသနလုပ်ငန်းများမှ ရရှိလာမည့် အချက်အလက်များကို စုစည်းခြင်း စိစစ်ခြင်း မျှဝေခြင်းဆိုင်ရာ ဓမ္မ၀ဍ္ဎိ Data Management Project ဒေတာစီမံခန့်ခွဲမှုလုပ်ငန်းကြီး၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါသည်။
ထိုလုပ်ငန်းတွင် ဒီဂျစ်တယ်အချက်အလက်များကို စနစ်တကျ သိုမှီးနိုင်ရေး နေရာမရွေး အသုံးပြုနိုင်ရေးနှင့်အတူ ရည်ရှည် ထိမ်းသိမ်းစောင့်ရှောက်ရေးတို့ကို အထူးအလေးပေးသည့် ဒီဂျစ်တယ်မော်ကွန်းတိုက်စနစ်အနေနှင့် Enterprise Management Systemဖြင့် တည်ဆောက်ထားသော Institutional Repository Softwareနည်းပညာရပ်များကို အသုံးပြုမည်ဖြစ်ပါသည်။
ဤနည်းစနစ်ဖြင့် ဗုဒ္ဓတက္ကသိုလ် အသီးသီးမှ သုတေသနထုတ်ကုန်များ၏ စာရင်းများကို တက္ကသိုလ်/အဆင့်/ခုနှစ်/အမျိုးအစားအလိုက် ကဏ္ဍအစုံအလင်ကို အွန်လိုင်း/အော့ဖ်လိုင်း ဒေတာဘေစ့်ပေါ်တွင် လွယ်ကူပွင့်လင်းစွာ ရယူအသုံးပြုနိုင်မည်ဖြစ်၍ ဗုဒ္ဓစာပေလေ့လာရေးကဏ္ဍကြီး၏ သုတေသနလုပ်ငန်းများကို အတားအဆီး အပိတ်အပင် အကန့်အသတ်မရှိ ကျယ်ပြန့်စွာ အကောင်အထည် ဖော်နိုင်မည်ဖြစ်ပါသည်။
More info @ Research Initiative & Network Program
More info @ Research & Network Project
You May Also Like
DPF ERD Funding 2025/11 – Pāḷi Talk Speaker
May 21, 2025
DPF R&D Funding 2025/2 SBAM 24-25 Taskforce
February 10, 2025