DPF Pitaka Open Course Project
ဓမ္မပရိယာယဖောင်ဒေးရှင်း
သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဖွံ့ဖြိုးရေးအစီအစဉ်
ပိဋကတ်ဗဟိုပြုအွန်လိုင်းသင်ခန်းစာစီမံကိန်း
Dhammapariyāya Foundation
Research & Innovation Development Program
Piṭaka Open Online Course Project
ပိဋကတ်ဗဟိုပြု ပရိယတ္တိပညာရေးကို အကန့်အသတ် အပိတ်အပင်မရှိ လွယ်လင့်တကူ သင်ယူလေ့လာဆောင်ရွက်နိုင်ဖို့ရာ ရိုးရာသင်ရိုးများနှင့် ခေတ်သစ်သင်ရိုးများ ပါဝင်သည့် ဘာသာရပ်စုံလင်စွာနှင့် အခြေခံပိုင်းနှင့် အဆင့်မြင့်ပိုင်းဆိုင်ရာ သင်ယူလေ့လာမှုလုပ်ငန်းများကို အွန်လိုင်သင်ခန်းစာများအဖြစ် ဖန်တီးဖော်ဆောင်မည်ဖြစ်ပါသည်။
ဤလုပ်ငန်းစီမံကိန်းသည် ပရိယတ္တိပညာရေးပိုင်းဆိုင်ရာ ပိဋကတ်ပညာ သင်ကြားပို့ချမှု အရည်အသွေးတိုးတက်ရေးကို ဆောင်ရွက်ရန်နှင့်အတူ သင်ကြားနိုင်စွမ်းရည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသုံးချနိုင်စွမ်းရည် တည်ဆောက်ရေးတို့ကို အကောင်အထည်ဖော်ဆောင်မည့် ဓမ္မပရိယာယ Education Projectလုပ်ငန်းကြီး၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါသည်။
ထိုလုပ်ငန်းတွင် ပိဋကတ်ဗဟိုပြု အခြေခံနှင့် အဆင့်မြင့် သင်ရိုးများကို နေရာမရွေး လွတ်လပ်ပွင့်လင်းစွာ သင်ယူလေ့လာအသုံးပြုနိုင်ရေးကို အထူးအလေးပေးသည့် အွန်လိုင်းစနစ်ဖြစ်သော Massive Open Online Courses (MOOC)ဖြင့် တည်ဆောက်ထားသော Web & Mobile Appနည်းပညာရပ်များကို AIနည်းပညာရပ်များနှင့် ပေါင်းစပ်အသုံးပြုမည်ဖြစ်ပါသည်။
ဤနည်းစနစ်ဖြင့် ပိဋကတ်ဗဟိုပြု ပရိယတ္တိသင်ခန်းစာများနှင့်တကွ ဆက်နွယ်ရာ ဘာသာရပ်များ စုံလင်စွာဖြင့် အွန်လိုင်းသင်တန်းများပေါ်တွင် လွယ်ကူစွာ လေ့လာနိုင်မည်ဖြစ်၍ ဗုဒ္ဓစာပေလေ့လာရေးကဏ္ဍကြီး၏ သင်ကြားပို့ချမှုလုပ်ငန်းများနှင့် သုတေသနလုပ်ငန်းများကို အတားအဆီး အပိတ်အပင် အကန့်အသတ်မရှိ ကျယ်ပြန့်စွာ အကောင်အထည် ဖော်နိုင်မည်ဖြစ်ပါသည်။
You May Also Like
DPF EM 1/2022- Essential Skills for Education
July 12, 2022
DPF Conference 2024 Paper Call
September 3, 2024