DPF Library Management System Project 2024
ဓမ္မပရိယာယဖောင်ဒေးရှင်း
သုတေသနဦးဆောင်မှုနှင့်ကွန်ယက်အစီအစဉ်
စာကြည့်တိုက်စီမံခန့်ခွဲမှုစနစ်စီမံကိန်း ၂၀၂၄
မြန်မာနိုင်ငံတလွှားရှိ ဗုဒ္ဓတက္ကသိုလ်များ၏ ပိဋကတ်တိုက်များနှင့် စာကြည့်တိုက်များ၏ စီမံခန့်ခွဲမှုစနစ်ကို ခေတ်မီနည်းပညာဖြင့် အဆင့်မြှင့်တင်၍ စာကြည့်တိုက်လုပ်ငန်းကိစ္စများကို လွယ်လင့်တကူ ကိုင်တွယ်ဆောင်ရွက်နိုင်ရန် အွန်လိုင်းနည်းစနစ်နှင့် ပေါင်းစပ်တည်ဆောက်မည်ဖြစ်ပါသည်။
ဤလုပ်ငန်းစီမံကိန်းသည် ပိဋကဗဟိုပြုပညာရေးနှင့်တကွ ဆက်နွယ်သည့် ဘာသာရပ်များဆိုင်ရာ အချက်အလက်များကို စုစည်းခြင်း စိစစ်ခြင်း မျှဝေခြင်းဆိုင်ရာ ဓမ္မဝုဍ္ဎိ Data Management Project အချက်အလက်စီမံခန့်ခွဲမှုလုပ်ငန်းကြီး၏ အစိတ်အပိုင်း တစ်ရပ် ဖြစ်ပါသည်။
ထိုလုပ်ငန်းတွင် ဒီဂျစ်တယ်အချက်အလက်များကို စနစ်တကျ သိုမှီးနိုင်ရေး နေရာမရွေး အသုံးပြုနိုင်ရေးနှင့်အတူ ရည်ရှည် ထိမ်းသိမ်းစောင့်ရှောက်ရေးတို့ကို အထူးအလေးပေးသည့် ဒီဂျစ်တယ်စာကြည့်တိုက်စီမံမှုစနစ်အနေနှင့် Enterprise Resource Planning Systemဖြင့် တည်ဆောက်ထားသော Library Management System Softwareနည်းပညာရပ်ကို အသုံးပြုမည်ဖြစ်ပါသည်။
ဤနည်းစနစ်ဖြင့် စာကြည့်တိုက်လုပ်ငန်းများဖြစ်သော စုစည်းခြင်း၊ စာရင်းသွင်းခြင်း၊ ငှားရမ်းခြင်းနှင့်တကွ အွန်လိုင်းကတ်တလောက်စနစ်တို့ကို အွန်လိုင်း/အော့ဖ်လိုင်း ဒေတာဘေစ့်မှတဆင့် လွယ်ကူစွာ ကိုင်တွယ်အသုံးပြုနိုင်မည်ဖြစ်၍ ဗုဒ္ဓစာပေလေ့လာရေးကဏ္ဍကြီး၏ သုတေသနလုပ်ငန်းများကို အတားအဆီး အပိတ်အပင် အကန့်အသတ်မရှိ ကျယ်ပြန့်စွာ အကောင်အထည် ဖော်နိုင်မည်ဖြစ်ပါသည်။
စာကြည့်တိုက်စီမံခန့်ခွဲမှုစနစ်စီမံကိန်း ၂၀၂၄ – အဆိုပြုလွှာ
ဗုဒ္ဓတက္ကသိုလ်စာကြည့်တိုက်များ မြေပုံ
ဗုဒ္ဓတက္ကသိုလ်များ မြေပုံ
More info
Research Initiative & Network Program
Research Initiative & Network Project
DPF R&D Funding 2024/7
You May Also Like
DPF Greet & Meet – Research Grant Award 24/1
August 15, 2024
DPF R&I Funding Program 2024/6
March 28, 2024