Term
အဓိပ္ပါယ်ဖွင့်ဆိုချက်
ဓမ္မပရိယာယ – တရားပရိယာယ်၊ တရားအမြွက်၊ တရားဒေသနာတို့ကို ဘိက္ခု ဘိက္ခုနီ ဥပါသကာ ဥပါသိကာ ပရိတ်သတ် ၄-ပါးတို့ လေ့လာကျင့်သုံးခြင်းဟူသော သဘောတရားကို အထူးပြုလိုသည့် အတွက် ဓမ္မပရိယာယ ဝေါဟာရကို ရွေးချယ်အသုံးပြုထားသည်။
ဗောဓိညောင်ရွက် – သမ္ဗောဓိသို့ သက်ဝင်မှုကို ကိုယ်စားပြု၍ ဗောဓိဓာတ်တို့ ကွန်ယက်ချိတ်ဆက် ပျံ့နှံ့ထွန်းကား စေခြင်းဟူသော သဘောတရားကို အထူးပြုလိုသည့်အတွက် ဗောဓိညောင်ရွက် ၂-ရွက်ကို ဦးတိုက်ဖော်ပြထားသည်။
ကွန်ယက် – ဉာဏ်ပညာအဆင့်ဆင့် မြင့်တက်၍ စိမ်းစိုသန့်စင် စည်ပင်ထွန်းကားခြင်းဟူသော သဘောတရားကို အထူးပြုလိုသည့်အတွက် အစိမ်းရောင်ကွန်ယက် ၂-ကြောင်း ချိတ်ဆက်ဖော်ပြထားသည်။ သစ္စာတရား လက်ကိုင်ထား၍ ရဲရင့်တောက်ပ ရှင်သန်ကြီးထွား ခြင်းဟူသော သဘောတရားကို အထူးပြုလိုသည့်အတွက် အနီရောင်ကွန်ယက် ၂-ကြောင်း ချိတ်ဆက်ဖော်ပြထားသည်။
ဖောင်ဒေးရှင်း – ဖောင်ဒေးရှင်းသည် အကျိုးအမြတ်မယူသောအဖွဲ့အစည်း (သို့မဟုတ်) ပရဟိတ အဖွဲ့အစည်း အမျိုးအစားတစ်ခုဖြစ်ပြီး ပုံမှန်အားဖြင့် လုပ်ငန်းဆောင်ရွက်နေသော တစ်ဦးချင်း (သို့မဟုတ်) အဖွဲ့အစည်းများအတွက် ရန်ပုံငွေနှင့် ထောက်ပံ့မှုများ ပံ့ပိုးပေးသည့်အပြင် ထောက်ပံ့ကြေးများမှတစ်ဆင့် လောကဟိတလုပ်ငန်းများတွင်လည်း တိုက်ရိုက် ပါဝင် ဆောင်ရွက်သည့် အဖွဲ့အစည်းဟူသော သဘောတရားကို အထူးပြုလိုသည့်အတွက် ဖောင်ဒေးရှင်း ဝေါဟာရကို ရွေးချယ်အသုံးပြုထားသည်။
ဓမ္မဝေါဟာရ – မြတ်ဗုဒ္ဓ၏ ဓမ္မဝိနယထံမှ ဆင်းသက်လာသော ဓမ္မသဘောတရားများ ပါဝင်သည့် အသောကကျောက်စာများတွင် ရေးထိုးထားသည့် အသောကဓမ္မများကို အထူးပြုလိုသည့်အတွက် ဓမ္မပရိယာယ၊ ဓမ္မဃောသ၊ ဓမ္မပဋိပတ္တိ အစရှိသော ဓမ္မဝေါဟာရများကို ရွေးချယ် အသုံးပြုထားသည်။