
Dhammapariyāya Research Journal
ဓမ္မပရိယာယသုတေသနဂျာနယ်
သုတေသနနှင့် ဆန်းသစ်တီထွင်မှု ဖွံ့ဖြိုးတိုးတက်ရေး – စဉ်ဆက်မပြတ် အနာဂတ်အတွက် နက်နဲသော ဓမ္မစုံစမ်းမှု
မျှော်မှန်းချက်
ဓမ္မပရိယာယဖောင်ဒေးရှင်း သုတေသနဦးဆောင်မှုနှင့် ကွန်ယက်အစီအစဉ် ဓမ္မဒီပနာထုတ်ဝေဖြန့်ချီရေးလုပ်ငန်း၏ အစိတ်အပိုင်း တစ်ရပ်အနေနှင့် ဓမ္မပရိယာယသုတေသနဂျာနယ်ကို နှစ်စဉ် တပေါင်းလပြည့်နေ့တိုင်း ထုတ်ဝေမည် ဖြစ်ပါသည်။ ဤဂျာနယ်သည် သုတေသနနှင့်ဆန်းသစ်တီထွင်မှု တိုးတက်ဖွံ့ဖြိုးရေးကို မဏ္ဍိုင်ပြု၍ ဗုဒ္ဓဘာသာရေးရာ နက်နဲသော စူးစမ်းလေ့လာမှုဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်သော အနာဂတ်ကို ပုံဖော်နိုင်ရန်နှင့် ဗုဒ္ဓစာပေလေ့လာရေးနှင့် လက်တွေ့အသုံးချရေးအပိုင်းတို့တွင် အဆီးအတား အပိတ်အပင်မရှိ လွတ်လပ်စွာ ဖြန့်ချီနိုင်ရန် ရည်ရွယ်ပါသည်။
လုပ်ငန်းစဉ်နှင့် ကဏ္ဍရပ်များ
လူနှင့်လူ့ပတ်ဝန်းကျင်ရှိ ဆင်းရဲဒုက္ခအပေါင်းကို ကောင်းစွာ သိရှိ၍ ဆင်းရဲမှုအပေါင်း ကင်းဝေးစေနိုင်မည့် နည်းလမ်းကောင်းများကို ရှာဖွေကျင့်သုံးလျက် ဒုက္ခအပေါင်း၏ အရင်းအမြစ်တို့ကို ပယ်ရှားကာ ငြိမ်းချမ်းလွတ်လပ်တရားမျှတသော အနာဂတ်ရပ်ဝန်းတစ်ရပ်ကို တည်ဆောက်ပေးနိုင်မည့် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများကို ဖော်ဆောင်နိုင်ရန် ဗုဒ္ဓဒေသနာတော်လာ သဘောတရားများ၊ လက်တွေ့ကျင့်သုံးဆောင်ရွက်ချက်များနှင့် ချိတ်ဆက်လျက် ပိဋကဗဟိုပြု သုတေသနအထူးပြု၍ အောက်ပါကဏ္ဍများနှင့် သက်ဆိုင်သော သုတေသနစာတမ်းများကို ရေးသားနိုင်ပါသည်။
- ပိဋကတ်စာပေ သုတေသန
- ရှေးဟောင်း ကျောက်စာ/ပေစာ သုတေသန
- သမိုင်း / ယဥ်ကျေးမှု / အနုပညာ / ဗိသုကာ သုတေသန
- ကမ္မဋ္ဌာန်းနှင့် အာရုံကြောသိပ္ပံ သုတေသန
- ကျန်းမာရေးနှင့် စိတ်ပညာ သုတေသန
- ပညာရေး သုတေသန
- စာကြည့်တိုက်နှင့် သုတပညာ သုတေသန
- ဦးဆောင်မှုနှင့် စီမံခန့်ခွဲမှု သုတေသန
- တိုင်းရင်းသားရေးရာ သုတေသန
- လူမှုရေးသိပ္ပံ သုတေသန
- ဘာသာစကား သုတေသန
- အစားအစာနှင့်အာဟာရ သုတေသန
- အိုင်စီတီနှင့် အချက်အလက်သိပ္ပံ သုတေသန
စိစစ်ရွေးချယ်မှု
ပေးပို့တင်သွင်းလာသည့် သုတေသနစာတမ်းများကို ပထမအဆင့်အနေနှင့် စိစစ်ရွေးချယ်ရေးအဖွဲ့မှ အလေးအနက် သုံးသပ်၍ မှတ်ချက်နှင့်တကွ သုတေသီထံသို့ ပြန်လည်ပေးပို့ပါမည်။ ထိုအချက်အလက်များကို အခြေခံ၍ သုတေသီမှ ပြန်လည်ပြင်ဆင်၍ ဒုတိယအဆင့်အနေနှင့် ပြန်လည်ပေးပို့ရပါမည်။ ထို့နောက် စိစစ်ရွေးချယ်ရေးအဖွဲ့မှ အဆုံးသတ် တည်းဖြတ်သုတ်သင်၍ ဂျာနယ်တွင် ထည့်သွင်းဖော်ပြမည်ဖြစ်ပါသည်။
သုတေသနစာတမ်း တင်သွင်းမှု
ပေးပို့ရန် သတ်မှတ်ရက် | နတ်တော်လပြည့် |
အယ်ဒီတာ သုံးသပ်ချက် | ပြာသို့ လပြည့် |
ပြင်ဆင်ပေးပို့ရန် သတ်မှတ်ရက် | တပို့တွဲ လပြည့် |
ပေးပို့ရန် အီးမေးလ် | info@dhammapariyaya.org |
ဘာသာစကား | English (သို့မဟုတ်) ပါဠိ |
စာအနေအထား | Font Size 12 Times New Roman / Myanmar Unicode Double Spacing |
စာလုံးရေ (စာတမ်းအကျဉ်းချုပ်နှင့် ပဓာနဝေါဟာရ | စာလုံးရေ ၁၅၀-၂၅၀နှင့် စာပိုဒ် ၁ပိုဒ် / ၅လုံး – ၇လုံး |
စာလုံးရေ (စာတမ်း) | စာလုံးရေ ၁၅၀၀ – ၂၅၀၀ |
ကျမ်းကိုးပုံစံ | APAပုံစံ ကျမ်းတွင်းကိုးကားမှု / ကျမ်းကိုးစာရင်း |
ဖိုင်အမျိုးအစား | Doc File |
သုတေသနစာတမ်းပုံစံ
အပိုင်း | အကြောင်းအရာ |
အပိုင်း – ၁ | – စာတမ်းခေါင်းစဉ် – အမည် – ပညာရေးအဆင့် – တက္ကသိုလ် / အဖွဲ့အစည်း – အီးမေးနှင့်ဖုန်းနံပတ် |
အပိုင်း – ၂ | – ကိုယ်ပိုင်အရေးအသားဖြစ်မှုနှင့် အခြားဌာနများတွင် ထုတ်ဝေထားခြင်းမရှိမှု ဝန်ခံချက် – လွတ်လပ်စွာ ဖြန့်ဝေမှု ခွင့်ပြုချက် |
အပိုင်း – ၃ | – အကျဉ်းချုပ် – ပဓာနဝေါဟာရများ |
အပိုင်း – ၄ | – မိတ်ဆက် – စာပေလေ့လာချက် – သုတေသနပုံစံနှင့်လုပ်ထုံးလုပ်နည်း – တွေ့ရှိချက်နှင့် ဆွေးနွေးမှု – နိဂုံးချုပ် |
အပိုင်း – ၅ | – ကိုးကားချက် – နောက်ဆက်တွဲ |