
Library Project
ဓမ္မပရိယာယဖောင်ဒေးရှင်း
သုတေသနဦးဆောင်မှုနှင့်ကွန်ယက်အစီအစဉ်
စာကြည့်တိုက်စီမံခန့်ခွဲမှုစနစ်စီမံကိန်း ၂၀၂၄
မြန်မာနိုင်ငံတလွှားရှိ ဗုဒ္ဓတက္ကသိုလ်များ၏ ပိဋကတ်တိုက်များနှင့် စာကြည့်တိုက်များ၏ စီမံခန့်ခွဲမှုစနစ်ကို ခေတ်မီနည်းပညာဖြင့် အဆင့်မြှင့်တင်၍ စာကြည့်တိုက်လုပ်ငန်းကိစ္စများကို လွယ်လင့်တကူ ကိုင်တွယ်ဆောင်ရွက်နိုင်ရန် အွန်လိုင်းနည်းစနစ်နှင့် ပေါင်းစပ်တည်ဆောက်မည်ဖြစ်ပါသည်။
ဤလုပ်ငန်းစီမံကိန်းသည် ပိဋကဗဟိုပြုပညာရေးနှင့်တကွ ဆက်နွယ်သည့် ဘာသာရပ်များဆိုင်ရာ အချက်အလက်များကို စုစည်းခြင်း စိစစ်ခြင်း မျှဝေခြင်းဆိုင်ရာ ဓမ္မဝုဍ္ဎိ Data Management Project အချက်အလက်စီမံခန့်ခွဲမှုလုပ်ငန်းကြီး၏ အစိတ်အပိုင်း တစ်ရပ် ဖြစ်ပါသည်။
ထိုလုပ်ငန်းတွင် ဒီဂျစ်တယ်အချက်အလက်များကို စနစ်တကျ သိုမှီးနိုင်ရေး နေရာမရွေး အသုံးပြုနိုင်ရေးနှင့်အတူ ရည်ရှည် ထိမ်းသိမ်းစောင့်ရှောက်ရေးတို့ကို အထူးအလေးပေးသည့် ဒီဂျစ်တယ်စာကြည့်တိုက်စီမံမှုစနစ်အနေနှင့် Enterprise Resource Planning Systemဖြင့် တည်ဆောက်ထားသော Library Management System Softwareနည်းပညာရပ်ကို အသုံးပြုမည်ဖြစ်ပါသည်။
ဤနည်းစနစ်ဖြင့် စာကြည့်တိုက်လုပ်ငန်းများဖြစ်သော စုစည်းခြင်း၊ စာရင်းသွင်းခြင်း၊ ငှားရမ်းခြင်းနှင့်တကွ အွန်လိုင်းကတ်တလောက်စနစ်တို့ကို အွန်လိုင်း/အော့ဖ်လိုင်း ဒေတာဘေစ့်မှတဆင့် လွယ်ကူစွာ ကိုင်တွယ်အသုံးပြုနိုင်မည်ဖြစ်၍ ဗုဒ္ဓစာပေလေ့လာရေးကဏ္ဍကြီး၏ သုတေသနလုပ်ငန်းများကို အတားအဆီး အပိတ်အပင် အကန့်အသတ်မရှိ ကျယ်ပြန့်စွာ အကောင်အထည် ဖော်နိုင်မည်ဖြစ်ပါသည်။
တက္ကသိုလ်စာကြည့်တိုက်များ မြေပုံ
ဓမ္မပရိယာယဖောင်ဒေးရှင်း
လူမှုရေးရာတာဝန်ယူမှုစီမံကိန်းနှင့် စာကြည့်တိုက်ဖွံ့ဖြိုးရေးစီမံကိန်း ၂၀၂၅
သဘာ၀ဘေးဒဏ်သင့် စာကြည့်တိုက်/ပိဋကတ်တိုက်များ ပြန်လည်ပြင်ဆင်တည်ဆောက်ရေးလုပ်ငန်း

လုပ်ငန်းအနေအထား
သဘာ၀ဘေးအန္တရယ်ကြောင့် ဖြစ်ပေါ်လာသော လူနှင့်လူပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများအကြား လူမှုရေးရာတာဝန်ယူမှုနှင့် စာကြည့်တိုက်ဖွံ့ဖြိုးရေးလုပ်ငန်းများအဖြစ် စာကြည့်တိုက်များ ပြန်လည်ပြင်ဆင်တည်ဆောက်ရေးလုပ်ငန်းကြီးကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သည်။
ဤလုပ်ငန်းစီမံကိန်းသည် သုတေသနဦးဆောင်မှုနှင့် ကွန်ယက်အစီအစဉ်များဆိုင်ရာ လူမှုရေးရာတာဝန်ယူမှုစီမံကိန်းနှင့် စာကြည့်တိုက်ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းကြီးများ၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်ပါသည်။
လုပ်ငန်းဆောင်ရွက်မှု
ထိုလုပ်ငန်းတွင် သဘာ၀ဘေးအန္တရယ် ခံရသော ဒေသများအတွင်းရှိ စာကြည့်တိုက်များ ပြန်လည်ပြုပြင်ခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများကို ပံပိုးထောက်ပံ့ရေးနှင့် အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်မည်ဖြစ်ပါသည်။
မျှော်မှန်းချက်
ရည်ရှည် ဖွံ့ဖြိုးတိုးတက် ငြိမ်းအေးချမ်းမြသော လောကဝန်းကျင် ဖြစ်ထွန်းပေါ်ပေါက်စေရန် ကရုဏာပညာဦးစီးသော လူသားချင်းစာနာထောက်ထားမှုနှင့် လူမှုရေးတာဝန် ၀တ္တရားများဆိုင်ရာ လုပ်ငန်းကြီးများအဖြစ် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကြီးကို ခွဲခြားကန့်သတ်မှုမှုမရှိ ကျယ်ပြန့်စွာ အကောင်အထည် ဖော်နိုင်မည်ဖြစ်ပါသည်။
ငလျင်ဘေးသင့် တက္ကသိုလ် စာကြည့်တိုက်/ပိဋကတ်တိုက်များ မြေပုံ
Latest News