
Education and Research Funding
ပညာရေးနှင့်သုတေသန ပံ့ပိုးကူညီရေးအစီအစဉ်
အရည်အသွေးပြည့်မီသော ပညာရေးနှင့် ထူးချွန်ပြောင်မြောက်သော သုတေသနလုပ်ငန်းများမှ တဆင့် အသိပညာများ ဖန်းတီးနိုင်မှုနှင့် ပြန့်ပွားနိုင်မှုတို့ကို အရှိန်အဟုန် မြှင့်တင်နိုင်ရေးအတွက် ပညာရေးနှင့် သုတေသနလုပ်ငန်းများနှင့်တကွ အကောင်အထည်ဖော်ဆောင်နေကြသူများအား ပံ့ပိုးထောက်ပံ့ကူညီရေးကို အထူး အလေးပေး၍ စီစဉ်ဆောင်ရွက်ရခြင်းသည် အရေးပါသော လုပ်ငန်းရပ်ဖြစ်သည်။
ပညာရေးနှင့် သုတေသနလုပ်ငန်းများတွင် အလားအလာကောင်းများ ရှိထားသည့် တစ်ဦးချင်း အစုအဖွဲ့ နှင့် တက္ကသိုလ်များအား ထောက်ပံ့ကူညီမှုကို အပြည့်အ၀ ပံ့ပိုးအားပေးခြင်းဖြင့် စွမ်းဆောင်ရည်များ တိုးပွားလာနိုင်ပြီး ရည်မှန်းချက်များ လွယ်လင့်တကူ ပြီးမြောက်အောင်မြင်၍ သက်ရောက်မှုအားကောင်းသော အကျိုးအမြတ်များ အမှန်တကယ် ရရှိနိုင်မည်ဖြစ်သည်။
ဓမ္မပရိယာယဖောင်ဒေးရှင်းသည် ပိဋကဗဟိုပြု ပညာရေးကဏ္ဍနှင့် အခြားသော ဆက်နွယ်ရာအပိုင်းများတွင် ပညာရေးနှင့် သုတေသနလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးရေးအတွက် အားပေးထောက်ပံ့ ကူညီရေးကို ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်သည့်အနေဖြင့် အပိုင်း ၄-ပိုင်း ခွဲ၍ ဖော်ဆောင်မည်ဖြစ်သည်။
(က) Dhammapariyāya Research Fellowship
ဓမ္မပရိယာယ ပါရဂူဘွဲ့လွန်သုတေသနဆု Read More
(ခ) Dhammapariyāya Research Grant
ဓမ္မပရိယာယဘွဲ့လွန်သုတေသနဆု Read More
(ဂ) Dhammapariyāya Education Scholarship
ဓမ္မပရိယာယပညာသင်ဆု Read More
(ဃ) Dhammapariyāya Research & Innovation Award
ဓမ္မပရိယာယ သုတေသနဆန်းသစ်တီထွင်ဆု Read More
ပညာရေးနှင့်သုတေသန ပံ့ပိုးကူညီရေး – ၂၀၂၅ အစီအစဉ်
Latest News – Award
Latest News – Funding
Latest News – Supply
ပညာရေးနှင့်သုတေသန ပံ့ပိုးကူညီရေး – ၂၀၂၄ အစီအစဉ်

ပညာရေးနှင့်သုတေသန ပံ့ပိုးကူညီရေး – ၂၀၂၃ အစီအစဉ်

ပညာရေးနှင့်သုတေသန ပံ့ပိုးကူညီရေး – ၂၀၂၂ အစီအစဉ်
