![](http://dhammapariyaya.org/wp-content/uploads/2021/10/dp-funding-scholarship-1-1140x641.png)
Scholarship
Dhammapariyāya Foundation
(3) Education and Research Funding Program
(C) Education Scholarship
ဘွဲ့ကြိုပညာသင်ဆု
ပညာသင်ဆု
ဗုဒ္ဓစာပေလေ့လာရေးနှင့်တကွ ဆက်နွယ်ရာဧရိယာ များအတွင်း ပညာသင်ယူနေကြသော ရဟန်း သီလရှင် ကျောင်းသူ ကျောင်းသားများအတွက် ရည်ရွယ်သည့် အနှောင့်အဖွဲ့ ကင်းရှင်းသော ပညာသင်ဆု ချီးမြှင့်လှူဒါန်းမှုအစီအစဥ်ဖြစ်သည်။
ပညာသင်ဆု ရွေးချယ်ရေးအဖွဲ့
ဗုဒ္ဓစာပေလေ့လာရေးနယ်ပယ်တို့၌ ပညာရေးလုပ်ငန်းစဥ်များတွင် လိမ္မာကျွမ်းကျင်သော ပါရဂူပညာရှင်များ ပါဝင်သည့် အဖွဲ့မှ ပညာသင်ဆုရရှိသူကို စိစစ်ရွေးချယ်မည်။
လျှောက်ထားနိုင်သူများ
မြန်မာနိုင်ငံအတွင်း ဗုဒ္ဓတက္ကသိုလ်များ၌ တက်ရောက်ခွင့်ရသော ဘွဲ့ကြိုကျောင်းသားများ
အသက်ကန့်သတ်ချက်
၃ဝနှစ်နှင့်အောက်
သတ်မှတ်ကာလ
ထောက်ပံ့မှုအချိန်ကာလမှာ ၃-နှစ် ဖြစ်သည်။ ပညာရည်တိုးတက်မှုအစီရင်ခံစာကို ၁-နှစ် ၁-ကြိမ် တင်သွင်းပြီးမှသာ ထောက်ပံ့ဆုငွေကို အရစ်ကျ လက်ခံရယူနိုင်မည်။
ဘာသာရပ်ဧရိယာ
- ပိဋကတ်စာပေ
- ရှေးဟောင်း ကျောက်စာ/ပေစာ
- သမိုင်း ယဥ်ကျေးမှု အနုပညာ ဗိသုကာ
- ပညာရေး
- ကျန်းမာရေးနှင့် စိတ်ပညာ
- ကမ္မဋ္ဌာန်းနှင့် အာရုံကြောသိပ္ပံ
- စာကြည့်တိုက်နှင့် သုတပညာ
- ဦးဆောင်မှုနှင့် စီမံခန့်ခွဲမှု
- တိုင်းရင်းသားရေးရာ
- လူမှုရေးသိပ္ပံ
- ဘာသာစကား
- အိုင်စီတီ
*** ဗုဒ္ဓစာပေလေ့လာရေးနှင့် အခြားသော ဆက်နွယ်ရာဧရိယာအတွင်းသာ
တင်သွင်းရန်
- လျှောက်လွှာ
- ပညာရေးရည်မှန်းချက်နှင့် အနာဂတ်လုပ်ငန်းစဉ်
- ပညာသင်ယူရေး အချိန်ဇယားနှင့် အသုံးစရိတ် လျာထားချက်
- ဌာနမှူး (သို့) ကျောင်းအကြီးအကဲ ထောက်ခံချက်
(လျှောက်လွှာများကို ဤနေရာတွင် ရယူ၍ လျှောက်လွှာနှင့်တကွ လိုအပ်သော စာရွက်စာတမ်းများ အပြည့်အစုံကို စကန်-ဒီဂျစ်တယ်မူ ပြုလုပ်၍ info@dhammapariyaya.org သို့ ပေးပို့ပါရန်။)
ရည်မှန်းချက်ပုံစံ
- English & မြန်မာ (သို့မဟုတ်) ပါဠိ & မြန်မာ
- Times New Roman/မြန်မာယူနီကုဒ်
- Font 12/ Double Line Spacing
- 1200 -1500 words
- MS Word & PDF
လူတွေ့တင်ပြချက်
ဇကာတင် ရွေးချယ်ခံရသူများသည် ပညာသင်ဆုရွေးချယ်ရေးအဖွဲ့ထံ လူတွေ့တင်ပြချက်များကို ဆောင်ရွက်ရပါမည်။
တိုးတက်မှုအစီရင်ခံစာ
ဘီအေတန်း – ပညာရည်တိုးတက်မှုအစီရင်ခံစာ (၁)နှစ် (၁)ကြိမ်။
သုတေသနဆွေးနွေးပွဲ
ဓမ္မပရိယာယဖောင်ဒေးရှင်းမှ ကျင်းပမည့် နှီးနှောဖလှယ်ပွဲများ၊ ဆွေးနွေးပွဲများတွင် ပညာသင်နောက်ဆုံးနှစ်အတွက် စာတမ်းများ ဖတ်ကြားတင်သွင်းနိုင်ရမည်။
သုတေသနဂျာနယ်
ဓမ္မပရိယာယဖောင်ဒေးရှင်းမှ ထုတ်ဝေမည့် သုတေသနဂျာနယ်များတွင် ပညာသင်နောက်ဆုံးနှစ်အတွက် စာတမ်းများ ရေးသားတင်သွင်းနိုင်ရမည်။
***
အထက်ပါ အချက်အလက်များ အချိန်နှင့်အမျှ ပြောင်းလဲမှု ရှိနိုင်ပါသည်။
အသေးစိတ် သိလိုပါက သတင်းနှင့်ပြန်ကြားရေးဌာနသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။