• Mudrā,  Project,  RIN

    DPF Mudrā Project

    ဓမ္မပရိယာယဖောင်ဒေးရှင်းသုတေသနဦးဆောင်မှုနှင့် ကွန်ယက်အစီအစဉ်ဓမ္မမုဒြါစီမံကိန်း မြတ်ဗုဒ္ဓဒေသနာတော်များကို နားမကြားသူများနှင့် အကြားအာရုံချို့တဲ့သူများ လွယ်လင့်တကူ လေ့လာမှတ်သားနိုင်ဖို့ရာ လက်ဟန်ပြဘာသာစကားကို ဓမ္မမုဒြာအဖြစ် အသုံးပြု၍ (ပါဠိ၊ မြန်မာ အင်္ဂလိပ်ဘာသာစကား)တို့ဖြင့် ရှင်းလင်းပြသသည့် အသွင်အပြင်များ ပေါင်းစပ်ပါဝင်သော ရုပ်ပြဗီဒီယိုများ ထုတ်ဝေဖြန့်ချီမည် ဖြစ်ပါသည်။ ဤလုပ်ငန်းစီမံကိန်းသည် ပိဋကတ် ပါဠိတော် အဋ္ဌကထာ ဋီကာနှင့်တကွ ပိဋကတ်သင်ရိုးကျမ်းစာများ သင်ကြားမှုစနစ်များကို ရုပ်သံမှတ်တမ်းများ၊ အသံသီးသန့်မှတ်တမ်းများ ဖန်တီးပြုလုပ်ခြင်း စုစည်းခြင်း၊ စိစစ်ခြင်း၊ မျှဝေခြင်းဆိုင်ရာ ဓမ္မဃောသ Media Projectလုပ်ငန်းကြီး၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါသည်။ ထိုလုပ်ငန်းတွင် ဒီဂျစ်တယ်အချက်အလက်များကို စနစ်တကျ သိုမှီးနိုင်ရေး…