DPF Mudrā Project
ဓမ္မပရိယာယဖောင်ဒေးရှင်း
သုတေသနဦးဆောင်မှုနှင့် ကွန်ယက်အစီအစဉ်
ဓမ္မမုဒြါစီမံကိန်း
မြတ်ဗုဒ္ဓဒေသနာတော်များကို နားမကြားသူများနှင့် အကြားအာရုံချို့တဲ့သူများ လွယ်လင့်တကူ လေ့လာမှတ်သားနိုင်ဖို့ရာ လက်ဟန်ပြဘာသာစကားကို ဓမ္မမုဒြာအဖြစ် အသုံးပြု၍ (ပါဠိ၊ မြန်မာ အင်္ဂလိပ်ဘာသာစကား)တို့ဖြင့် ရှင်းလင်းပြသသည့် အသွင်အပြင်များ ပေါင်းစပ်ပါဝင်သော ရုပ်ပြဗီဒီယိုများ ထုတ်ဝေဖြန့်ချီမည် ဖြစ်ပါသည်။
ဤလုပ်ငန်းစီမံကိန်းသည် ပိဋကတ် ပါဠိတော် အဋ္ဌကထာ ဋီကာနှင့်တကွ ပိဋကတ်သင်ရိုးကျမ်းစာများ သင်ကြားမှုစနစ်များကို ရုပ်သံမှတ်တမ်းများ၊ အသံသီးသန့်မှတ်တမ်းများ ဖန်တီးပြုလုပ်ခြင်း စုစည်းခြင်း၊ စိစစ်ခြင်း၊ မျှဝေခြင်းဆိုင်ရာ ဓမ္မဃောသ Media Projectလုပ်ငန်းကြီး၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါသည်။
ထိုလုပ်ငန်းတွင် ဒီဂျစ်တယ်အချက်အလက်များကို စနစ်တကျ သိုမှီးနိုင်ရေး နေရာမရွေး အသုံးပြုနိုင်ရေးနှင့်အတူ ရည်ရှည် ထိမ်းသိမ်းစောင့်ရှောက်ရေးတို့ကို အထူးအလေးပေးသည့် ဒီဂျစ်တယ်မော်ကွန်းတိုက်စနစ်အနေနှင့် Enterprise Management Systemဖြင့် တည်ဆောက်ထားသော Institutional Repository Softwareနည်းပညာရပ်များကို အသုံးပြုမည်ဖြစ်ပါသည်။
ဤနည်းစနစ်ဖြင့် ဗုဒ္ဓဒေသနာတော်များကို အသွင်သဏ္ဍန်မျိုးစုံဖြင့် အွန်လိုင်းဒေတာဘေစ့်ပေါ်တွင် လွယ်ကူစွာ ရယူလေ့လာနိုင်မည်ဖြစ်၍ ဗုဒ္ဓစာပေလေ့လာရေးကဏ္ဍကြီး၏ သင်ကြားပို့ချမှုလုပ်ငန်းများနှင့် သုတေသနလုပ်ငန်းများကို အတားအဆီး အပိတ်အပင် အကန့်အသတ်မရှိ ကျယ်ပြန့်စွာ အကောင်အထည် ဖော်နိုင်မည်ဖြစ်ပါသည်။
More info
Research Initiative & Network Program
Research Initiative & Network Project
You May Also Like
DPF Greet & Meet – Research Grant Award 24/1
August 15, 2024
DPF Library Restoration and Reconstruction 2025
April 20, 2025