RIN Project

Research Initiatives and Networks Project

() ဓမ္မယာတ Network Project

ပညာရေးဆိုင်ရာ ကွန်ယက်တည်ဆောက်၍ သုတေသနလုပ်ငန်းများကို ပြည်တွင်းပြည်ပရှိ လုပ်ငန်းတူ မိတ်ဖက်များ စုစည်းကာ ပညာရေးဆိုင်ရာ လုပ်ငန်းများကို အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်သည်။

() ဓမ္မာဓိဋ္ဌာန Research Center Project

ပိဋကဗဟိုပြု ပညာရေးဆိုင်ရာ သုတေသနုလုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်နိုင်ရန် မိတ်ဖက်လုပ်ငန်းတူများအတွင်း သုတေသနကွန်ယက် ချိတ်ဆက်ဆောင်ရွက်မှုနှင့်အတူ သုတေသနစင်တာများ အခြေချတည်ထောင်၍ ပရိယတ္တိပညာရေးနှင့်တကွ ဆက်နွယ်ရာ ကိစ္စရပ်များဆိုင်ရာ သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန် ရည်ရွယ်သည်။

() ဓမ္မ၀ဍ္ဎိ Data Management Project

ပိဋကဗဟိုပြုပညာရေးနှင့် ဆက်နွယ်ရာ ဘာသာရပ်များဆိုင်ရာ သုတေသနလုပ်ငန်းများမှ ရရှိလာမည့် အချက်အလက်များကို စုစည်းခြင်း စိစစ်ခြင်း မျှဝေခြင်းဆိုင်ရာ ဒေတာစီမံခန့်ခွဲမှုလုပ်ငန်းကြီးကို နည်းပညာရပ်များ အသုံးပြု၍ စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ရန် ဖြစ်သည်။

(၄) ဓမ္မဃောသ Media Project

ပိဋကတ် ပါဠိတော် အဋ္ဌကထာ ဋီကာနှင့်တကွ ပိဋကတ်သင်ရိုးကျမ်းစာများ သင်ကြားမှုစနစ်များကို ရုပ်သံမှတ်တမ်းများ ပြုလုပ်ခြင်း audioစနစ်သီးသန့် မှတ်တမ်းတင်ခြင်းများ ပြုလုပ်၍ လမ်းကြောင်းစုံမှ ရုပ်သံလွှင့် ဖြန့်ဝေရန် ရည်ရွယ်သည်။

() ဓမ္မဒီပန Publication Project

ပရိယတ္တိပညာရေးပိုင်းဆိုင်ရာ ထေရဝါဒမြန်မာ့ရိုးရာ ပိဋကတ်သင်ကြားမှု စနစ်များကို အခြေခံမှ အဆင့်မြင့်အထိ စနစ်တကျ မှတ်တမ်းတင်၍ ဖြန့်ဝေရန် ရည်ရွယ်သည်။ Online Databaseတည်ဆောက်၍ ဓမ္မပရိယာယfoundationမှ ဆောင်ရွက်ထားသည့် လုပ်ငန်းများကို ဖြန့်ဝေရန် ရည်ရွယ်သည်။ ပညာရေးဆိုင်ရာသုတေသနလုပ်ငန်းများမှ လေ့လာတွေ့ရှိချက်များကို အချိန်နှင့်တပြေးညီ သုတေသနဂျာနယ်များ ထုတ်ဝေ၍ ဖြန့်ချီရန်လည်း ရည်ရွယ်သည်။

More to follow.

Latest News