Research Initiative and Network

သုတေသနဦးဆောင်မှုနှင့်ကွန်ယက်အစီအစဉ်

ပိဋကတ်ဗဟိုပြု အဆင့်မြင့်ပညာရေးကဏ္ဍအတွင်း လက်ရှိဖြစ်ပေါ်နေသော သုတေသနလုပ်ငန်း အင်အားစုများအပေါ်တွင် အခြေခံ၍ နယ်ပယ်စုံမှ အရေးပါသည့် ကျွမ်းကျင်သူများ တစ်စုတစ်ဝေး ပေါင်းစည်းခြင်းဖြင့် မဟာဗျူဟာမြောက်သော သုတေသနဦးဆောင်မှုနှင့် ကွန်ယက် ချိတ်ဆက်မှုများကို ဆောင်ရွက်ရခြင်းသည် အရေးပါသော လုပ်ငန်းရပ်ဖြစ်သည်။

ရေတို ရေရှည်ကာလအတွင်း သုတေသနစွမ်းရည်နှင့် မိတ်ဖက်များ တည်ဆောက်ရေးအတွက် ဗုဒ္ဓတက္ကသိုလ်များအကြား ထားရှိသည့် မျှော်မှန်းချက်များနှင့် ဖွံ့ဖြိုးရေးအစီအစဉ်များကို မျှဝေတည်ဆောက်ရန် သုတေသနဦးဆောင်မှုလုပ်ငန်းကို မဟာဗျူဟာမြောက် ဆောင်ရွက် ရမည်ဖြစ်သည်။ ထို့ပြင် တက္ကသိုလ် ပညာရေးအသိုင်းအဝိုင်းအကြား လှုပ်ရှားဆောင်ရွက်များကို ချိတ်ဆက်၍ အရှိန်အဟုန် တိုးမြှင့်ရန် ကွန်ယက်ချိတ်ဆက်မှုများကို မဟာဗျူဟာမြောက် ဆောင်ရွက်ရမည်ဖြစ်သည်။

ကြီးမားကျယ်ပြန့်သော ကဏ္ဍစုံအတွင်း သုတေသနဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရေး၊ ပညာရပ်အလိုက် ကဏ္ဍစုံ သုတေသနပူးပေါင်းဆောင်ရွက်မှုများနှင့် အသိပညာများ လွှဲပြောင်းမျှဝေမှုများ အားကောင်းလာစေရေး၊ ကျယ်ပြန့်သော ရန်ပုံငွေ ထောက်ပံ့မှုများ လူ့စွမ်းအား စုဆောင်းမှုများနှင့် ဒေသစုံမှ သုတေသနလုပ်ဖော်ကိုင်ဖက်များအတွက် ကွန်ယက်ချိတ်ဆက် ပေးခြင်းဖြင့် သုတေသနစွမ်းရည်နှင့် ပုံရိပ်ကောင်း မြှင့်တင်ပေးရေး၊ ပြည်တွင်းပြည်ပ သုတေသန၊ မူဝါဒများနှင့် ရန်ပုံငွေထောက်ပံ့မှုများအပေါ် ဩဇာသက်ရောက်မှုရှိနိုင်ရန် အစွမ်းအစများကို တိုးမြှင့်ပေးရေးတို့ကို အထူး အလေးပေး ဆောင်ရွက်မည်ဖြစ်သည်။

ဓမ္မပရိယာယဖောင်ဒေးရှင်းသည် ပိဋကဗဟိုပြု ပညာရေးကဏ္ဍနှင့် အခြားသော ဆက်နွယ်ရာကဏ္ဍများတွင် ကျွမ်းကျင်သော တတ်သိပညာရှင်များ အကျိုးတူပူးပေါင်း ကွန်ယက်ချိတ်ဆက်ကာ သုတေသနစင်တာများ တည်ထောင်၍ သုတေသနလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်မည့် စီမံကိန်းများ၊ သတင်းမီဒီယာကွန်ယက်နှင့်တကွ သုတေသနစူးစမ်းလေ့လာတွေ့ရှိချက်များကို ထုတ်ဝေဖြန့်ဖြူးရေးဆိုင်ရာ စီမံကိန်းများကို ထောက်ပံ့အားပေး လုပ်ကိုင်ဆောင်ရွက်မည်ဖြစ်သည်။

(၁) ဓမ္မယာတ Network Project

(၂) ဓမ္မာဓိဋ္ဌာန Research Center Project

(၃) ဓမ္မ၀ဍ္ဎိ Data Management Project

(၄) ဓမ္မဃောသ Media Project

(၅) ဓမ္မဒီပန Publication Project

More info @ https://dhammapariyaya.org/rin-project/

Latest News