DPF Dhammavuddhi Research Repository Project 2025
ဓမ္မပရိယာယဖောင်ဒေးရှင်း
သုတေသနဦးဆောင်မှုနှင့် ကွန်ယက်အစီအစဉ်
ဓမ္မဝုဒ္ဓိ အွန်လိုင်းသုတေသနဘဏ်စီမံကိန်း ၂၀၂၅
မြန်မာနိုင်ငံတလွှားရှိ ဗုဒ္ဓတက္ကသိုလ်များ၏ ပိဋကဗဟိုပြု သုတေသနအထူးပြု လုပ်ငန်းများဖြစ်သော သုတေသနပို့ချချက် / သုတေသနဆွေးနွေးပွဲ / သုတေသနလုပ်ငန်း / သုတေသနဂျာနယ်များမှ ထွက်ပေါ်လာသော သုတေသနအဆိုပြုလွှာ / သုတေသနကျမ်း / သုတေသနစာတမ်း ထုတ်ကုန်များကို စနစ်တကျ စုစည်းထိမ်းသိမ်း၍ ဗုဒ္ဓစာပေ သင်ယူလေ့လာသူများနှင့် သုတေသီများ လွယ်လင့်တကူ လေ့လာကြည့်ရှုနိုင်ဖို့ရာ ဓမ္မဝုဒ္ဓိ အွန်လိုင်းဒေတာဘေ့စ် ကွန်ယက် တည်ဆောက်၍ ခင်းကျင်းပြသမည်ဖြစ်ပါသည်။
ဤလုပ်ငန်းစီမံကိန်းသည် ပိဋကဗဟိုပြုပညာရေးနှင့်တကွ ဆက်နွယ်သည့် ဘာသာရပ်များဆိုင်ရာ အချက်အလက်များကို စုစည်းခြင်း စိစစ်ခြင်း မျှဝေခြင်းဆိုင်ရာ ဓမ္မ၀ုဍ္ဎိ Data Management Project အချက်အလက်စီမံခန့်ခွဲမှုလုပ်ငန်းကြီး၏ အစိတ်အပိုင်း တစ်ရပ် ဖြစ်ပါသည်။
ထိုလုပ်ငန်းတွင် ဒီဂျစ်တယ်အချက်အလက်များကို စနစ်တကျ သိုမှီးနိုင်ရေး နေရာမရွေး အသုံးပြုနိုင်ရေးနှင့်အတူ ရည်ရှည် ထိမ်းသိမ်းစောင့်ရှောက် ရေးတို့ကို အထူးအလေးပေးသည့် ဒီဂျစ်တယ်မော်ကွန်းတိုက်စနစ်အနေနှင့် Enterprise Management Systemဖြင့် တည်ဆောက်ထားသော Institutional Repository Softwareနည်းပညာရပ်များကို အသုံးပြုမည်ဖြစ်ပါသည်။
ဤနည်းစနစ်ဖြင့် ဗုဒ္ဓတက္ကသိုလ် အသီးသီးမှ သုတေသနထုတ်ကုန်များကို တက္ကသိုလ်/အဆင့်/ခုနှစ်/အမျိုးအစားအလိုက် ကဏ္ဍအစုံအလင်ကို အွန်လိုင်းဒေတာဘေစ့်ပေါ်တွင် လွယ်ကူပွင့်လင်းစွာ ရယူအသုံးပြုနိုင်မည်ဖြစ်၍ ဗုဒ္ဓစာပေလေ့လာရေးကဏ္ဍကြီး၏ သုတေသနလုပ်ငန်းများကို အတားအဆီး အပိတ်အပင် အကန့်အသတ်မရှိ ကျယ်ပြန့်စွာ အကောင်အထည် ဖော်နိုင်မည်ဖြစ်ပါသည်။
ဓမ္မဝုဒ္ဓိ အွန်လိုင်းသုတေသနဘဏ်စီမံကိန်း ၂၀၂၄ – အဆိုပြုလွှာ
You May Also Like
Support for Education and Research 2025
June 19, 2025
DPF Edu Talk 2025/1
July 21, 2025