DPF Education Management Project 2025
ဓမ္မပရိယာယဖောင်ဒေးရှင်း
သုတေသနနှင့် ဆန်းသစ်တီထွင်မှု ဖွံ့ဖြိုးရေး အစီအစဉ်
ပညာရေးစီမံခန့်ခွဲမှုစီမံကိန်း (၂၀၂၂-၂၀၂၅)
Dhammapariyāya Foundation
Research & Innovation Development Program
Education Management Project (2022-2025)
လုပ်ငန်းအနေအထား
ပိဋကတ်ဗဟိုပြု ပရိယတ္တိပညာရေးကို အကန့်အသတ် အပိတ်အပင်မရှိ လွယ်လင့်တကူ သင်ယူလေ့လာဆောင်ရွက်နိုင်ဖို့ရာ အခြေခံပိုင်းနှင့် အဆင့်မြင့်ပိုင်းဆိုင်ရာ သင်ကြားပို့ချရေးစီမံခန့်ခွဲမှု နည်းပညာရပ်များကို ရိုးရာခေတ်သစ်နှင့်အညီ မွမ်းမံဖော်ဆောင်မည်ဖြစ်ပါသည်။
ဤလုပ်ငန်းစီမံကိန်းသည် ပရိယတ္တိပညာရေးပိုင်းဆိုင်ရာ ပိဋကတ်ပညာသင်ကြားပို့ချမှု အရည်အသွေးတိုးတက်ရေးကို ဆောင်ရွက်ရန်နှင့်အတူ သင်ကြားနိုင်စွမ်းရည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသုံးချနိုင်စွမ်းရည် တည်ဆောက်ရေးတို့ကို အကောင်အထည်ဖော်ဆောင်မည့် ဓမ္မပရိယာယ Education Projectလုပ်ငန်းကြီး၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါသည်။
လုပ်ငန်းဆောင်ရွက်မှု
ထိုလုပ်ငန်းတွင် ပိဋကတ်ဗဟိုပြု အခြေခံနှင့်အဆင့်မြင့်ပိုင်း သင်ယူသင်ကြားမှုလုပ်ငန်းများတွင် ပညာရေးအစီအမံမဟာဗျူဟာလုပ်ငန်း၊ အရင်းအမြစ်စီမံခန့်ခွဲမှုလုပ်ငန်း၊ သင်ရိုးညွှန်းတမ်း တည်ဆောက်ဖွံ့ဖြိုးရေးလုပ်ငန်း၊ ပညာရေးဝန်ဆောင်မှုစွမ်းရည် ဖွံ့ဖြိုးမှုလုပ်ငန်း၊ ပညာရည်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း၊ ပညာရေးလုပ်ငန်းစဉ် လည်ပတ်ဆောင်ရွက်ခြင်းလုပ်ငန်း၊ ပညာရေးရပ်ဝန်းတွင်း ဦးစီးဦးဆောင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်း၊ ပညာရေး သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း၊ ပညာရေးအိုင်တီနည်းပညာနှင့် တီထွင်ဆန်းသစ်မှုလုပ်ငန်းတို့ကို ပီပြင်စွာ လုပ်ဆောင်နိုင်မည့် ပညာရေးစီမံခန့်ခွဲမှု နည်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပါသည်။
မျှော်မှန်းချက်
ဤနည်းစနစ်ဖြင့် ပိဋကတ်ဗဟိုပြု ပရိယတ္တိလုပ်ငန်း သုတေသနအထူးပြု အဆင့်မြင့်ပညာရေးလုပ်ငန်းများ၏ သင်ယူလေ့လာမှုနှင့်တကွ သင်ကြားပို့ချမှု ရပ်ဝန်းကြီး ရည်ရှည်ဖွံ့ဖြိုးတိုးတက်၍ ဗုဒ္ဓစာပေလေ့လာရေးကဏ္ဍကြီး၏ သင်ကြားပို့ချမှုလုပ်ငန်းများနှင့် သုတေသနလုပ်ငန်းများကို အတားအဆီး အပိတ်အပင် အကန့်အသတ်မရှိ ကျယ်ပြန့်စွာ အကောင်အထည် ဖော်နိုင်မည်ဖြစ်ပါသည်။
You May Also Like
DPF 2025 Annual Report
January 1, 2026
DPF Funding Program 2023
July 3, 2023