RID Project

Research & Innovation Development Project

(၁) ဓမ္မပရိယာယ Education Project

ဤပရောဂျက်သည် ပရိယတ္တိပညာရေးပိုင်းဆိုင်ရာ ထေရဝါဒမြန်မာ့ရိုးရာ ပိဋကတ်သင်ကြားမှု စနစ်များကို အခြေခံမှ အဆင့်မြင့်အထိ စနစ်တကျ လေ့လာသုံးသပ်၍ ပညာသင်ကြားမှုအရည်အသွေး တိုးတက်ရေးကို ဦးစားပေး ဆောင်ရွက်ရန် ရည်ရွယ်သည်။

ပိဋကတ်သင်ရိုးများကို မဏ္ဍိုင်ထား၍ ဆက်စပ်အသုံးပြုနိုင်သော ဘာသာစကားစွမ်းရည်ကို ဘက်ပေါင်းစုံမှ မြှင့်တင်ပေးနိုင်မည့် နည်းစနစ်များကို လေ့လာသုံးသပ်၍ အသုံးချနိုင်စွမ်းရည် တည်ဆောက်ရေးနှင့် သင်ကြားနိုင်စွမ်းရည် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရန် ရည်ရွယ်သည်။

() ဓမ္မပဋိပတ္တိ Project

ဗုဒ္ဓနည်းကျ ပဋိပတ္တိလုပ်ငန်းများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ခေတ်အဆက်ဆက် ပဋိပတ္တိကျင့်သုံးအားထုတ်မှုပိုင်းဆိုင်ရာ နည်းနာနိဿယများကို စနစ်တကျ မှတ်တမ်းတင်၍ ရာစုသစ်နှင့် လျော်ညီသော နည်းပညာရပ်များနှင့် ယှဉ်တွဲကာ စာတွေ့လက်တွေ့ သုတေသနလုပ်ငန်းများနှင့် အသုံးချမှုလုပ်ငန်းများကို ပြည်တွင်းပြည်ပ ဖြန့်ကျက်ဆောင်ရွက်ရန် ရည်ရွယ်သည်။

(၃) ဓမ္မလိပိ ICT Project

ပရိယတ္တိပညာရေးနှင့် သက်ဆိုင်သော အိုင်တီသင်ထောက်ကူပစ္စည်းများ ဖန်တီးပြုလုပ်မှု ဖွံ့ဖြိုးရေးကို တည်ဆောက်ရန် ရည်ရွယ်သည်။ ထိုပရောဂျက်ကို အကောင်အထည်ဖော်ရာတွင် အမှန်တကယ် လိုအပ်သည့် နည်းပညာရပ်များကို အခြေခံမှစ၍ ပံ့ပိုးပေးမည့် အိုင်စီတီပညာသင်ကြားရေး အစီအစဉ်များကိုလည်း ရိုးရာပိဋကတ်ပညာရေးနှင့် ပေါင်းစပ်ဖော်ဆောင်ရန် ရည်ရွယ်သည်။

() ဓမ္မပရိယာယ Research Project

ပရိယတ္တိပညာရေးဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဖော်ဆောင်သည့်အနေဖြင့် ပညာရေးဆိုင်ရာ သုတေသနလုပ်ငန်းများကို အရှိန်အဟုန် အပြည့်ဖြင့် လုပ်ကိုင်နိုင်ရန် သုတေသနလုပ်ငန်းဆိုင်ရာ ပညာရပ်များကို စနစ်တကျ ပံ့ပိုးပေး၍ သဘောတရားပိုင်း စမ်းသပ်မှုပိုင်းနှင့်တကွ အသုံးချ သုတသနလုပ်ငန်းများကို အရည်အသွေး ပြည့်မီစွာ အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်သည်။  

More to follow.

Latest News