Research and Innovation Development

သုတေသန တီထွင်ဆန်းသစ်မှု ဖွံ့ဖြိုးရေးအစီအစဉ်

ပိဋကဗဟိုပြု အဆင့်မြင့်ပညာရေးကဏ္ဍ ရည်ရှည် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရမည့် အပိုင်းတွင် သုတေသနလုပ်ငန်းများနှင့် တီထွင်ဆန်းသစ်မှုလုပ်ငန်းများကို အထူးအလေးပေး၍ ဆောင်ရွက်ရခြင်းသည် အရေးပါသည့် လုပ်ငန်းရပ်ဖြစ်သည်။ ပိဋကအခြေပြု ပညာရေးကဏ္ဍနှင့်တကွ အခြား ဆက်နွယ်ရာ ကဏ္ဍတို့တွင် အလေးဂရုပြုရမည့် ကိစ္စရပ်များနှင့် ပတ်သက်သော အကြောင်းအရာ အချက်အလက်များကို ရှာမှီးခြင်း စူးစမ်းလေ့လာခြင်း ရှုထောင့်စုံမှ ကြည့်ရှုစုံစမ်း ဆင်ခြင်သုံးသပ်ခြင်းတို့ကို အသေးစိတ် ဆောင်ရွက်၍ သုတေသနလုပ်ငန်းကို စဉ်ဆက်မပြတ် ဖော်ဆောင်ခြင်းဖြင့် အသိပညာများ ဆင့်ကဲ ဆင့်ကဲ တိုးတက်ပွားများရေးအတွက် ကောင်းစွာ အထောက်အကူပြုနိုင်မည်ဖြစ်သည်။

ပိဋကတ်အခြေပြု သဘောတရားများနှင့် နည်းနာများကို သင့်တော်ရာ ကဏ္ဍအသီးသီးတွင် အသစ် အသစ်သော လမ်းကြောင်းများဖြင့် လက်တွေ့အသုံးချရေးနှင့် လက်ရှိ အသုံးချနေမှုများ ပိုမို တိုးတက်ကောင်းမွန်လာစေရေးကို စနစ်တကျ ဆောင်ရွက်ခြင်းဖြင့် အဓိပ္ပါယ်ပြည့်၀သည့် အကျိုးသက်ရောက်မှုများကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။ လက်ရှိ အကောင်အထည် ဖော်နေမှုများကို အသစ်ပြန်လည် ပြုပြင်မှု ချဲ့ထွင်မှု နည်းစနစ်အသစ်များ တိုးတက်ဖွံ့ဖြိုးရေး ဆောင်ရွက်မှုနှင့်တကွ စနစ်အသစ်များ တည်ဆောက်မှုတို့ကို ပီပြင်စွာ ဆောင်ရွက်၍ ရလာဒ်ကောင်းများ ရရှိနိုင်သည်အထိ ကြိုးပမ်းဆောင်ရွက် ရမည်ဖြစ်သည်။

ဓမ္မပရိယာယဖောင်ဒေးရှင်းသည် ထိုသို့ ပိဋကဗဟိုပြု ပညာရေးကဏ္ဍနှင့် အခြားသော ဆက်နွယ်ရာ ကဏ္ဍများတွင် သုတေသနလုပ်ငန်းနှင့် တီထွင်ဆန်းသစ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးဆိုင်ရာ၊ အိုင်စီတီဆိုင်ရာ သုတေသနစီမံကိန်းများနှင့်အတူ ကမ္မဋ္ဌာန်း/ဝိပဿနာ အသုံးချ သုတေသန စီမံကိန်းများ အထူး အားပေးထောက်ပံ့ လုပ်ကိုင်ဆောင်ရွက်မည်ဖြစ်သည်။

(၁) ဓမ္မပရိယာယ Education Project

(၂) ဓမ္မပဋိပတ္တိ Meditation Project

(၃) ဓမ္မလိပိ ICT Project

(၄) ဓမ္မပရိယာယ Research Project

More info @ https://dhammapariyaya.org/rid-project/