Research Fellowship

Education & Research Funding – No Scheme in 2023

Dhammapariyāya Foundation

(3) Education and Research Funding Program

(A) Research Fellowship

ပါရဂူဘွဲ့လွန်သုတေသနထောက်ပံ့ဆု

ဗုဒ္ဓစာပေလေ့လာရေးနှင့်တကွ ဆက်နွယ်ရာကဏ္ဍများအတွင်း သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန် စိတ်ဝင်စားသည့် ပါရဂူဘွဲ့လွန်သုတေသီ ရဟန်း သီလရှင် များအတွက် ရည်ရွယ်သည့် အနှောင့်အဖွဲ့ ကင်းရှင်းသော သုတေသနထောက်ပံ့ဆု ချီးမြှင့်လှူဒါန်းမှု အစီအစဥ်ဖြစ်သည်။

သုတေသန ရွေးချယ်ရေးအဖွဲ့

ဗုဒ္ဓစာပေလေ့လာရေးနယ်ပယ်များအတွင်း သုတေသနလုပ်ငန်းစဥ်များ၌ လိမ္မာကျွမ်းကျင်သော ပါရဂူပညာရှင်များ ပါဝင်သည့် အဖွဲ့မှ သုတေသနစီမံကိန်းများကို စိစစ်ရွေးချယ်မည်။


လျှောက်ထားနိုင်သူများ

မြန်မာနိုင်ငံအတွင်း ဗုဒ္ဓတက္ကသိုလ်များ၌ သင်ကြားရေး + သုတေသန ပူးတွဲဆောင်ရွက်နေသော ပါရဂူဘွဲ့ရပြီးသူ သုတေသီများ

အသက်ကန့်သတ်ချက်

  • ပါရဂူဘွဲ့လွန်တန်း – ၅၀နှစ်နှင့်အောက်

သုတေသနလုပ်ငန်းဧရိယာ

  • ပိဋကတ်စာပေ သုတေသန
  • ရှေးဟောင်း ​ကျောက်စာ/ပေစာ သုတေသန
  • သမိုင်း ယဥ်ကျေးမှု အနုပညာ ဗိသုကာ သုတေသန
  • ပညာရေးသုတေသန
  • ကျန်းမာရေးနှင့် စိတ်ပညာ သုတေသန
  • ကမ္မဋ္ဌာန်းနှင့် အာရုံကြောသိပ္ပံ သုတေသန
  • စာကြည့်တိုက်နှင့် သုတပညာ သုတေသန
  • ဦးဆောင်မှုနှင့် စီမံခန့်ခွဲမှု သုတေသန
  • တိုင်းရင်းသားရေးရာ သုတေသန
  • လူမှုရေးသိပ္ပံ သုတေသန
  • ဘာသာစကား သုတေသန
  • အိုင်စီတီ သုတေသန

*** ဗုဒ္ဓစာပေလေ့လာရေးနှင့် ဆက်နွယ်ရာဧရိယာအတွင်းသာ


ခွင့်ပြုကာလ

ပါရဂူဘွဲ့လွန် သုတေသန – ထောက်ပံ့မှုအချိန်ကာလမှာ ၃/၅-နှစ် ဖြစ်သည်။ လုပ်ငန်းစဥ် တိုးတက်မှုအစီရင်ခံစာကို ၁-နှစ် ၁-ကြိမ် တင်သွင်းပြီးမှသာ ထောက်ပံ့ဆုငွေကို အရစ်ကျ လက်ခံရယူနိုင်မည်။


တင်သွင်းမှု

  • လျှောက်လွှာ
  • စီမံကိန်းအဆိုပြုလွှာ
  • စီမံကိန်း လျာထားမှု အချိန်ဇယား/အသုံးစရိတ်
  • သုတေသနကြီးကြပ်သူနှင့် ဌာနမှူး/ကျောင်းအကြီးအကဲ ထောက်ခံချက်

(လျှောက်လွှာများကို ဤနေရာတွင် ရယူ၍ လျှောက်လွှာနှင့်တကွ လိုအပ်သော စာရွက်စာတမ်းများ အပြည့်အစုံကို စကန်-ဒီဂျစ်တယ်မူ ပြုလုပ်၍ info@dhammapariyaya.org သို့ ပေးပို့ပါရန်။)

အဆိုပြုလွှာပုံစံ

  • English & မြန်မာ (သို့မဟုတ်) ပါဠိ & မြန်မာ
  • Times New Roman/မြန်မာယူနီကုဒ်
  • Font 12/ Double Line Spacing
  • 1200 – 1500 words (excluding references)
  • MS Word & PDF
  • Research Proposal Format (Preferably APA Style)

လူတွေ့တင်ပြချက်

ဇကာတင် ရွေးချယ်ခံရသော သုတေသီများကိုယ်တိုင် သုတေသနဆုရွေးချယ်ရေးအဖွဲ့ထံ သုတေသနစီမံကိန်း လူတွေ့တင်ပြချက်များကို ဆောင်ရွက်ရမည်။

တိုးတက်မှုအစီရင်ခံစာ

ပါရဂူဘွဲ့လွန်သုတေသန လုပ်ငန်းစဥ် တိုးတက်မှုအစီရင်ခံစာ (၁)နှစ် (၁)ကြိမ်။

သုတေသနဆွေးနွေးပွဲ

သင့်တော်သော အချိန်ကာလတွင် ဓမ္မပရိယာယဖောင်ဒေးရှင်းမှ ကျင်းပမည့် နှီးနှောဖလှယ်ပွဲများ၊ ဆွေးနွေးပွဲများတွင် သုတေသနစာတမ်းများ ဖတ်ကြားနိုင်ရမည်။

သုတေသနဂျာနယ်

ဓမ္မပရိယာယဖောင်ဒေးရှင်းမှ ထုတ်ဝေမည့် သုတေသနဂျာနယ်များတွင် စာတမ်းများ ရေးသားတင်သွင်းနိုင်ရမည်။

***

အထက်ပါ အချက်အလက်များ အချိန်နှင့်အမျှ ပြောင်းလဲမှု ရှိနိုင်ပါသည်။

အသေးစိတ်သိလိုပါက သတင်းနှင့်ပြန်ကြားရေးဌာနသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။