Research Grant

DPF Education & Research Funding Program Research Grant 2024 Scheme

Dhammapariyāya Foundation
(3) Education and Research Funding Program
(B) Research Grant
ဘွဲ့လွန်သုတေသနထောက်ပံ့ဆု

ဗုဒ္ဓစာပေလေ့လာရေးနှင့်တကွ ဆက်နွယ်ရာကဏ္ဍများအတွင်း သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန် စိတ်ဝင်စားသည့် သုတေသီ ရဟန်း သီလရှင် ကျောင်းသူ ကျောင်းသားများအတွက် ရည်ရွယ်သည့် အနှောင့်အဖွဲ့ ကင်းရှင်းသော သုတေသနထောက်ပံ့ဆု ချီးမြှင့်လှူဒါန်းမှု အစီအစဥ်ဖြစ်သည်။

သုတေသန ရွေးချယ်ရေးအဖွဲ့

ဗုဒ္ဓစာပေလေ့လာရေးနယ်ပယ်များအတွင်း သုတေသနလုပ်ငန်းစဥ်များ၌ လိမ္မာကျွမ်းကျင်သော ပါရဂူပညာရှင်များ ပါဝင်သည့် အဖွဲ့မှ သုတေသနစီမံကိန်းများကို စိစစ်ရွေးချယ်မည်။


လျှောက်ထားနိုင်သူများ

မြန်မာနိုင်ငံအတွင်း ဗုဒ္ဓတက္ကသိုလ်များ၌ မဟာတန်း (သို့) ပါရဂူတန်း တက်ရောက်နေသော ဘွဲ့လွန်ကျောင်းသူ/ကျောင်းသား ရဟန်း/သီလရှင်များ။

အသက်ကန့်သတ်ချက်

  • မဟာတန်း – ၃၅နှစ်နှင့်အောက်
  • ပါရဂူတန်း – ၄၀နှစ်နှင့်အောက်

သုတေသနလုပ်ငန်းဧရိယာ

  • ပိဋကတ်စာပေ သုတေသန
  • ရှေးဟောင်း ​ကျောက်စာ/ပေစာ သုတေသန
  • သမိုင်း ယဥ်ကျေးမှု အနုပညာ ဗိသုကာ သုတေသန
  • ပညာရေးသုတေသန
  • ကျန်းမာရေးနှင့် စိတ်ပညာ သုတေသန
  • ကမ္မဋ္ဌာန်းနှင့် အာရုံကြောသိပ္ပံ သုတေသန
  • စာကြည့်တိုက်နှင့် သုတပညာ သုတေသန
  • ဦးဆောင်မှုနှင့် စီမံခန့်ခွဲမှု သုတေသန
  • တိုင်းရင်းသားရေးရာ သုတေသန
  • လူမှုရေးသိပ္ပံ သုတေသန
  • ဘာသာစကား သုတေသန
  • အိုင်စီတီ သုတေသန

*** ဗုဒ္ဓစာပေလေ့လာရေးနှင့် ဆက်နွယ်ရာဧရိယာအတွင်းသာ


ခွင့်ပြုကာလ

မဟာတန်း သုတေသန – ထောက်ပံ့မှုအချိန်ကာလမှာ ၂-နှစ်ဖြစ်သည်။ လုပ်ငန်းစဥ် တိုးတက်မှုအစီရင်ခံစာကို ၆-လ ၁-ကြိမ် တင်သွင်းပြီးမှသာ ထောက်ပံ့ဆုငွေကို အရစ်ကျ လက်ခံရယူနိုင်မည်။

ပါရဂူတန်း သုတေသန – ထောက်ပံ့မှုအချိန်ကာလမှာ ၃-နှစ် ဖြစ်သည်။ လုပ်ငန်းစဥ် တိုးတက်မှုအစီရင်ခံစာကို ၁-နှစ် ၁-ကြိမ် တင်သွင်းပြီးမှသာ ထောက်ပံ့ဆုငွေကို အရစ်ကျ လက်ခံရယူနိုင်မည်။


တင်သွင်းရန်

  • အွန်လိုင်း လျှောက်လွှာ
  • စီမံကိန်းအဆိုပြုလွှာ
  • စီမံကိန်း အချိန်ဇယား/အသုံးစရိတ် လျာထားချက်
  • ကျမ်းကြီးကြပ်သူနှင့် ဌာနမှူး/ကျောင်းအကြီးအကဲ ထောက်ခံချက်

(လျှောက်လွှာများကို ဤနေရာတွင် ရယူ၍ လျှောက်လွှာနှင့်တကွ လိုအပ်သော စာရွက်စာတမ်းများ အပြည့်အစုံကို စကန်-ဒီဂျစ်တယ်မူ ပြုလုပ်၍ info@dhammapariyaya.org သို့ ပေးပို့ပါရန်။)

အဆိုပြုလွှာပုံစံ

  • English & မြန်မာ (သို့မဟုတ်) ပါဠိ & မြန်မာ
  • Times New Roman/မြန်မာယူနီကုဒ်
  • Font 12/ Double Line Spacing
  • 1200 – 1500 words (excluding references)
  • MS Word & PDF
  • Research Proposal Format (Preferably APA Style)

လူတွေ့တင်ပြချက်

ဇကာတင် ရွေးချယ်ခံရသော သုတေသီများကိုယ်တိုင် သုတေသနဆုရွေးချယ်ရေးအဖွဲ့ထံ သုတေသနစီမံကိန်း လူတွေ့တင်ပြချက်များကို ဆောင်ရွက်ရမည်။

သုတေသနဆွေးနွေးပွဲ

သင့်တော်သော အချိန်ကာလတွင် ဓမ္မပရိယာယဖောင်ဒေးရှင်းမှ ကျင်းပမည့် နှီးနှောဖလှယ်ပွဲများ၊ ဆွေးနွေးပွဲများတွင် သုတေသနစာတမ်းများ တင်သွင်းဖတ်ကြားနိုင်ရမည်။

သုတေသနဂျာနယ်

ဓမ္မပရိယာယဖောင်ဒေးရှင်းမှ ထုတ်ဝေမည့် သုတေသနဂျာနယ်များတွင် စာတမ်းများ ရေးသားတင်သွင်းနိုင်ရမည်။

***

အထက်ပါ အချက်အလက်များ အချိန်နှင့်အမျှ ပြောင်းလဲမှု ရှိနိုင်ပါသည်။

အသေးစိတ် သိလိုပါက သတင်းနှင့်ပြန်ကြားရေးဌာနသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Latest News