
Network
Library Supply Network
ကုသိုလ်တော်ပိဋကတ်ဒီဂျစ်တယ်စာကြည့်တိုက် Online Access Supply
ဓမ္မပရိယာယဖောင်ဒေးရှင်း၏ စာကြည့်တိုက်နှင့်သုတပညာဖွံ့ဖြိုးရေးပံ့ပိုးမှုအဖြစ် မြန်မာနိုင်ငံတလွှား ပိဋကတ်တိုက် / ပညာရေးစာကြည့်တိုက် / ဗုဒ္ဓ-တက္ကသိုလ် ပညာရေးစာကြည့်တိုက် / အမျိုးသားစာကြည့်တိုက် / ပြည့်သူ့စာကြည့်တိုက်များ၌ ပါမောက္ခ / သောတုဇန / သုတေသီ / စာပေဝါသနာရှင်များ လေ့လာကြည့်ရှု အသုံးပြုနိုင်ရန် အထောက်အကူပြု ပစ္စည်းများ ပံ့ပိုးကူညီလျက်ရှိပါသည်။
ဓမ္မပရိယာယဖောင်ဒေးရှင်းမှ ပံ့ပိုးလျက်ရှိသော ကုသိုလ်တော်ပိဋကအွန်လိုင်းဒီဂျစ်တယ် စာကြည့်တိုက် Online Accessကို အသုံးပြု၍ မန္တလေးမြို့ ကုသိုလ်တော်ဘုရား ပိဋကတ် ကျောက်စာများကို ပါဠိစာပေပညာရှင်များ ပိဋကတ်မြတ်နိုးသူများ လွယ်လင့်တကူ လေ့လာကြည့်ရှုနိုင် မည်ဖြစ်ပါသည်။
Kuthodaw Piṭaka Digital Library |
---|
https://kuthodawpitaka.org/ |
Education & Research Funding Network
ပညာရေးနှင့်သုတေသန ဖွံ့ဖြိုးရေး ပံ့ပိုးမှုကွန်ယက်
ဓမ္မပရိယာယဖောင်ဒေးရှင်း၏ ပညာရေးနှင့် သုတေသန ဖွံ့ဖြိုးရေး ပံ့ပိုးမှုအဖြစ် မြန်မာနိုင်ငံတလွှား ဗုဒ္ဓတက္ကသိုလ်များ၌ ပညာသင်ယူနေကြသော သောတုဇနများနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်နေကြသော သုတေသီများကို ရွေးချယ်၍ သုတေသနထောက်ပံ့ဆုများ ချီးမြှင့်လျက်ရှိပါသည်။
အဦးအစအနေနှင့် MAနှင့် PhDအဆင့် သုတေသနလုပ်ငန်းများကို ဦးစားပေး ရွေးချယ်၍ မြန်မာနိုင်ငံတလွှားမှ ဗုဒ္ဓတက္ကသိုလ်များနှင့် ချိတ်ဆက်ဆောင်ရွက်နေသည့်အပြင် ဆက်လက်၍လည်း တိုးချဲ့ချိတ်ဆက်ရန် အစီအစဉ်များ ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
ဤဆုချီးမြှင့်မှုသည် သမိုင်းတံခွန်memorial Research Grantအစီအစဉ်နှင့် ဓမ္မပရိယာယဖောင်ဒေးရှင်း၏ ပညာရေးနှင့် သုတေသန ဖွံ့ဖြိုးရေး ပံ့ပိုးမှုအစီအစဉ်တို့၏ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုဖြစ်ပါသည်။
အစီအစဉ်အသေးစိတ်ကို https://dhammapariyaya.org/erf/တွင် လေ့လာကြည့်ရှုနိုင်ပါသည်။
အစီအစဉ်နှင့် ပတ်သက်၍ သိလိုသည်များကို https://dhammapariyaya.org/contact/ မှတဆင့် မေးမြန်းစုံစမ်းနိုင်ပါသည်။