Program

ကောင်းမြတ်သောတရား ရှည်ကြာစွာ တည်တံ့ရေးဟူသော ဓမ္မပရိယာယဖောင်ဒေးရှင်း၏ မျှော်မှန်းချက်များ ပြီးမြောက်အောင်မြေရေး၊ ပိဋကဗဟိုပြုပညာရေးကဏ္ဍအတွင်း သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဖွံ့ဖြိုးရေးအပိုင်းကို အကောင်းဆုံးအနေအထားသို့ ရောက်ရှိရန် ဖော်ဆောင်ရမည့် လုပ်ငန်းတာဝန်တို့ ပြီးမြောက်အောင်မြင်ရေးတို့အတွက် အရည်အသွေးပြည့်၀သော လူ့စွမ်းအား အရင်းအမြစ်များ၊ အစွမ်းထက်အသုံးတည့်သော နည်းပညာရပ်များဖြင့် ပေါင်းစပ်၍ အရေးပါသည့် လုပ်ငန်းအစီအစဉ်များကို အကောင်အထည် ဖော်ဆောင်ရန် ပဏာမလျာထားချက်အဖြစ် အစီအစဉ် (၃)ရပ်တို့ကို ချမှတ်ထားရှိပါသည်။

(1) Research, Innovation & Development Program
သုတေသန တီထွင်ဆန်းသစ်မှု ဖွံ့ဖြိုးရေးအစီအစဉ်
(2) Research Initiatives and Networks Program
သုတေသနဦးဆောင်မှုနှင့်ကွန်ယက်အစီအစဉ်
(3) Education & Research Funding Program
ပညာရေးနှင့်သုတေသန ပံ့ပိုးကူညီရေးအစီအစဉ်


Research, Innovation & Development Program

သုတေသန တီထွင်ဆန်းသစ်မှု ဖွံ့ဖြိုးရေးအစီအစဉ်

ပိဋကဗဟိုပြု ပညာရေးကဏ္ဍနှင့် အခြားသော ဆက်နွယ်ရာ ကဏ္ဍများတွင် သုတေသနလုပ်ငန်းနှင့် တီထွင်ဆန်းသစ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးဆိုင်ရာ၊ အိုင်စီတီဆိုင်ရာ သုတေသနစီမံကိန်းများနှင့်အတူ ကမ္မဋ္ဌာန်း/ဝိပဿနာ အသုံးချသုတေသနစီမံကိန်းများ ချမှတ်ဆောင်ရွက်မည် ဖြစ်သည်။ Read more.

(၁) ဓမ္မပရိယာယ Education Project

(၂) ဓမ္မပဋိပတ္တိ Meditation Project

(၃) ဓမ္မလိပိ ICT Project

(၄) ဓမ္မပရိယာယ Research Project


Research Initiatives and Networks Program

သုတေသနဦးဆောင်မှုနှင့်ကွန်ယက်အစီအစဉ်

ပိဋကဗဟိုပြု ပညာရေးကဏ္ဍနှင့် အခြားသော ဆက်နွယ်ရာကဏ္ဍများတွင် ကျွမ်းကျင်သော တတ်သိပညာရှင်များ ကွန်ယက်ချိတ်ဆက်ကာ သုတေသနစင်တာများ တည်ထောင်၍ သုတေသနလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်မည့် စီမံကိန်းများ၊ သတင်းမီဒီယာကွန်ယက်နှင့်တကွ သုတေသနစူးစမ်းလေ့လာတွေ့ရှိချက်များကို ထုတ်ဝေ ဖြန့်ဖြူးရေးဆိုင်ရာ စီမံကိန်းများကို ချမှတ်ဆောင်ရွက်မည်ဖြစ်သည်။ Read more.

(၁) ဓမ္မယာတ Network Project

(၂) ဓမ္မာဓိဋ္ဌာန Research Center Project

(၃) ဓမ္မ၀ဍ္ဎိ Data Management Project

(၄) ဓမ္မဃောသ Media Project

(၅) ဓမ္မဒီပန Publication Project


Education & Research Funding Program

ပညာရေးနှင့်သုတေသန ပံ့ပိုးကူညီရေးအစီအစဉ်

ပိဋကဗဟိုပြု ပညာရေးကဏ္ဍနှင့် အခြားသော ဆက်နွယ်ရာ ကဏ္ဍများတွင် ပညာရေးနှင့် သုတေသနလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးရေးအတွက် အားပေးထောက်ပံ့ ကူညီရေးကို ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ရာတွင် အပိုင်း ၃ပိုင်း ခွဲ၍ ဖော်ဆောင်မည်ဖြစ်သည်။ Read more.

(က) ဓမ္မပရိယာယ Scholarshipပညာသင်ဆု

(ခ) ဓမ္မပရိယာယ Research Grant ဘွဲ့လွန်သုတေသနထောက်ပံ့ဆု

(ဂ) ဓမ္မပရိယာယ Research Fellowship

ပါရဂူဘွဲ့လွန်သုတေသန ထောက်ပံ့ဆု

(ဃ) ဓမ္မပရိယာယ Research & Innovation Award သုတေသန ဆန်းသစ်တီထွင်ဆု


ထိုစီမံကိန်းများတွင် သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းခွဲများ လုပ်ကိုင်ဆောင်ရွက်မည်ဖြစ်သည်။

More to follow.