Well-Wish

ဓမ္မဖွံ့ဖြိုးရေးဆုမွန်လွှာ

ကောင်းမြတ်သော တရားတော် ဦးစီးသည့် မွန်မြတ်သော အသိ မွန်မြတ်သော တည်ကြည်မှု မွန်မြတ်သော ကျင့်ဝတ်များကို အပြည့်အဝ လက်ကိုင်ပြု၍ နိုင်ထက်စီးနင်း လွှမ်းမိုးချုပ်ကိုင်မှုတို့ကို ပယ်ရှားကာ ကြင်နာဖေးမကူညီအားပေးမှုတို့ဖြင့် ရည်ရှည် ဖွံ့ဖြိုးတိုးတက် ငြိမ်းအေးချမ်းမြသော လောကဝန်းကျင် ဖြစ်ထွန်းပေါ်ပေါက်စေရန် ကြိုးပမ်းဖော်ဆောင်နိုင်စွမ်းရည် ပြည့်ဝပါစေကြောင်း ဆုမွန်ချွေပါသည်။

ဓမ္မပေက္ခာ ဓမ္မကာမတာ စ သုဝေ သုဝေ ဝုဍ္ဎိတာ ဝုဍ္ဎိဿတိ စေဝ။

တရားတော်ကို ရှုငဲ့ခြင်း တရားတော်ကို မြတ်နိုးခြင်းတို့သည်လည်း တစ်နေ့ထက်တစ်နေ့ တိုးပွားခဲ့ပြီ။ ဆက်၍လည်း တိုးပွားလိမ့်မည်။

The devotion to Dhamma and the desire for Dhamma have increased day by day and will keep on developing.

(Asoka’s Major Pillar Edict I)