
Social Responsibility Project
ဓမ္မပရိယာယဖောင်ဒေးရှင်း
သုတေသနဦးဆောင်မှုနှင့်ကွန်ယက်အစီအစဉ်
လူမှုရေးတာဝန်ယူမှုစီမံကိန်း ၂၀၂၅
အရေးပေါ်ကယ်ဆယ်ရေးနှင့်လူသားချင်းစာနာထောက်ထားမှု အကူအညီ
လုပ်ငန်းအနေအထား
သဘာ၀ဘေးအန္တရယ်ကြောင့် ဖြစ်ပေါ်လာသော လူနှင့်လူပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများအတွက် အရေးပေါ် တုံ့ပြန်ကယ်ဆယ်ရေးဆိုင်ရာ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သည်။
ဤလုပ်ငန်းစီမံကိန်းသည် သုတေသနနှင့်ဦးဆောင်မှုကွန်ယက်အစီအစဉ် လူသားချင်းဆိုင်ရာ စာနာထောက်ထားမှုနှင့် လူမှုရေးတာဝန်၀တ္တရာများဆိုင်ရာလုပ်ငန်းကြီး၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်ပါသည်။
လုပ်ငန်းဆောင်ရွက်မှု
ထိုလုပ်ငန်းတွင် သဘာ၀ဘေးအန္တရယ်ကြောင့် ဖြစ်ပေါ်လာသည့် ထိခိုက်ဆုံးရှုံးမှုများ လျော့ပါးရေး လုပ်ငန်းများ၊ အန္တရာယ်မကျရောက်မီ ကြိုတင်ပြင်ဆင်ခြင်းနှင့် ကာကွယ်ခြင်းလုပ်ငန်းများ၊ ကယ်ဆယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်မည်ဖြစ်ပါသည်။
မျှော်မှန်းချက်
ဤနည်းစနစ်ဖြင့် ကရုဏာပညာဦးစီးသော လူသားချင်းစာနာထောက်ထားမှုနှင့် လူမှုရေးတာဝန် ၀တ္တရားများဆိုင်ရာ လုပ်ငန်းကြီးများကို ခွဲခြားကန့်သတ်မှုမှုမရှိ ကျယ်ပြန့်စွာ အကောင်အထည် ဖော်နိုင်မည်ဖြစ်ပါသည်။
ဓမ္မပရိယာယဖောင်ဒေးရှင်း
လူမှုရေးရာတာဝန်ယူမှုစီမံကိန်းနှင့် ဓမ္မရသစီမံကိန်း
အာဟာရစောင့်ရှောက်မှုလုပ်ငန်း ၂၀၂၅
အရေးပေါ်ကယ်ဆယ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီ

လုပ်ငန်းအနေအထား
သဘာ၀ဘေးအန္တရယ်ကြောင့် ဖြစ်ပေါ်လာသော လူနှင့်လူပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများအကြား အရေးပေါ်ကယ်ဆယ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီ လုပ်ငန်းများအဖြစ် အာဟာရပြည့်၀ရေးစောင့်ရှောက်မှုလုပ်ငန်းကြီးကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သည်။
ဤလုပ်ငန်းစီမံကိန်းသည် သုတေသနတီထွင်ဆန်းသစ်မှုဖွံ့ဖြိုးရေးအစီအစဉ်နှင့် သုတေသနဦးဆောင်မှုနှင့်ကွန်ယက်အစီအစဉ်များဆိုင်ရာ လူမှုရေးရာတာဝန်ယူမှုစီမံကိန်းနှင့် ဓမ္မရသစီမံကိန်းလုပ်ငန်းကြီးများ၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်ပါသည်။
လုပ်ငန်းဆောင်ရွက်မှု
ထိုလုပ်ငန်းတွင် သဘာ၀ဘေးအန္တရယ် ကျရောက်လာသည့်အခါ အစာရေစာငတ်မွတ် ခေါင်းပါးမှုနှင့် အာဟာရမပြည့်၀မှု လျော့ပါးရေးလုပ်ငန်းများ၊ အစာအာဟာရ မချို့တဲ့စေရန် ကြိုတင်ပြင်ဆင်ခြင်းနှင့် ကာကွယ်ခြင်းလုပ်ငန်းများ၊ အာဟာရချို့တဲ့မှုများကို ပံပိုးထောက်ပံ့ရေးနှင့် အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်မည်ဖြစ်ပါသည်။
မျှော်မှန်းချက်
ရည်ရှည် ဖွံ့ဖြိုးတိုးတက် ငြိမ်းအေးချမ်းမြသော လောကဝန်းကျင် ဖြစ်ထွန်းပေါ်ပေါက်စေရန် ကရုဏာပညာဦးစီးသော လူသားခြင်းစာနာထောက်ထားမှုနှင့် လူမှုရေးတာဝန် ၀တ္တရားများဆိုင်ရာ လုပ်ငန်းကြီးများအဖြစ် ငတ်မွတ်ခေါင်းပါးမှု ပပျောက်ရေးနှင့်တကွ အာဟာရပြည့်၀စွာ သုံးဆောင်နိုင်ရေးလုပ်ငန်းကြီးကို ခွဲခြားကန့်သတ်မှုမှုမရှိ ကျယ်ပြန့်စွာ အကောင်အထည် ဖော်နိုင်မည်ဖြစ်ပါသည်။
ဓမ္မပရိယာယဖောင်ဒေးရှင်း
လူမှုရေးရာတာဝန်ယူမှုစီမံကိန်းနှင့် စာကြည့်တိုက်ဖွံ့ဖြိုးရေးစီမံကိန်း ၂၀၂၅
သဘာ၀ဘေးဒဏ်သင့် စာကြည့်တိုက်/ပိဋကတ်တိုက်များ ပြန်လည်ပြင်ဆင်တည်ဆောက်ရေးလုပ်ငန်း

လုပ်ငန်းအနေအထား
သဘာ၀ဘေးအန္တရယ်ကြောင့် ဖြစ်ပေါ်လာသော လူနှင့်လူပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများအကြား လူမှုရေးရာတာဝန်ယူမှုနှင့် စာကြည့်တိုက်ဖွံ့ဖြိုးရေးလုပ်ငန်းများအဖြစ် စာကြည့်တိုက်များ ပြန်လည်ပြင်ဆင်တည်ဆောက်ရေးလုပ်ငန်းကြီးကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သည်။
ဤလုပ်ငန်းစီမံကိန်းသည် သုတေသနဦးဆောင်မှုနှင့် ကွန်ယက်အစီအစဉ်များဆိုင်ရာ လူမှုရေးရာတာဝန်ယူမှုစီမံကိန်းနှင့် စာကြည့်တိုက်ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းကြီးများ၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်ပါသည်။
လုပ်ငန်းဆောင်ရွက်မှု
ထိုလုပ်ငန်းတွင် သဘာ၀ဘေးအန္တရယ် ခံရသော ဒေသများအတွင်းရှိ စာကြည့်တိုက်များ ပြန်လည်ပြုပြင်ခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများကို ပံပိုးထောက်ပံ့ရေးနှင့် အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်မည်ဖြစ်ပါသည်။
မျှော်မှန်းချက်
ရည်ရှည် ဖွံ့ဖြိုးတိုးတက် ငြိမ်းအေးချမ်းမြသော လောကဝန်းကျင် ဖြစ်ထွန်းပေါ်ပေါက်စေရန် ကရုဏာပညာဦးစီးသော လူသားချင်းစာနာထောက်ထားမှုနှင့် လူမှုရေးတာဝန် ၀တ္တရားများဆိုင်ရာ လုပ်ငန်းကြီးများအဖြစ် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကြီးကို ခွဲခြားကန့်သတ်မှုမှုမရှိ ကျယ်ပြန့်စွာ အကောင်အထည် ဖော်နိုင်မည်ဖြစ်ပါသည်။
သဘာ၀ဘေး-မြေငလျင် အန္တရာယ်ဒေသများ
Support
ဓမ္မပရိယာယဖောင်ဒေးရှင်း
ဓမ္မဒါနအစီအစဉ်
လောကအကျိုးပြု ပညာရေးနှင့်သုတေသန လုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်နေသော ဓမ္မပရိယာယ ဖောင်ဒေးရှင်း ဖြစ်မြောက်အောင်မြင်ရေးအတွက် ပံ့ပိုးကူညီလိုသူများနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်လိုသူများကိုလည်း နွေးထွေးစွာ ဖိတ်ခေါ်ကြိုဆိုပါသည်။
.
Latest News
Pages: 1 2