Leadership

ဒါရိုက်တာအဖွဲ့

ဓမ္မပရိယာယဖောင်ဒေးရှင်း၏ ထိပ်တန်းအရာရှိချုပ်များ ပါဝင်သော ဒါရိုက်တာအဖွဲ့သည် ဖောင်ဒေးရှင်း၏ မူဝါဒများကို ချမှတ်ကာ မဟာဗျူဟာမြောက်ရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရန် စီစဉ်ညွှန်ကြား၍ ဖောင်ဒေးရှင်းကို စီမံအုပ်ချုပ်ခြင်းဖြင့် ဖောင်ဒေးရှင်းအတွက် သွားရာလမ်းကြောင်းကို တည့်မတ်ညွှန်ပြပေးသည်။ အရာရှိချုပ်များကို ရွေးချယ်ခန့်ထားပံ့ပိုးကာ ထိုသူတို့၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ သုံးသပ်မှုများကို ဆောင်ရွက်သည်။ ဘဏ္ဍာငွေကြေး ပြည့်စုံလုံလောက်စွာ ရရှိရေးကို သေချာစေပြီးလျှင် အသုံးစရိတ်အတည်ပြုမှုလုပ်ငန်းတို့ကို ဆောင်ရွက်သည်။ အထူးသဖြင့် ဖောင်ဒေးရှင်း၏ လုပ်ဆောင်ချက်များအတွက် တာဝန်ခံယူမှုနှင့်အတူ  လုပ်ငန်းဆောင်တာများကို စုပေါင်း ကြီးကြပ်စီမံမှုကိစ္စတို့ကို ဆောင်ရွက်သည်။

အကြံပေးအဖွဲ့

ဖောင်ဒေးရှင်းပြင်ပမှ ကျွမ်းကျင်ပညာရှင်များပါဝင်သော အဖွဲ့သည် ဖောင်ဒေးရှင်းဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းနှင့် ပတ်သက်၍ မဟာဗျူဟာမြောက် ဆင်ခြင်တွေးခေါ်မှု အသိပညာနှင့် နားလည်မှုတို့နှင့်တကွ ဆန်းသစ်သော အကြံဉာဏ်များ တက်ကြွသော အမြင်များကို  အထူး ပံ့ပိုးပေးသည်။ ဖောင်ဒေးရှင်း ရည်ရှည်ဖွံ့ဖြိုးရေးကို ဖော်ဆောင်နိုင်မည့် အုပ်ချုပ်မှုကွန်ယက် ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးထောက်ပံ့အကြံပြုသည်။ လုပ်ငန်းကွပ်ကဲဆောင်ရွက်မှုပိုင်းနှင့် မပတ်သက်ဘဲ တတိယရှုထောင့်အမြင်ဖြင့် ဘက်မလိုက်သော ရှုမြင်သုံးသပ်မှုများနှင့် အတွေးအခေါ်များကို ပံ့ပိုးပေးပြီးလျှင် လုပ်ငန်းအသစ်များ ချဲ့ထွင်ဖော်ဆောင်မှုများကို အထူး အားပေးထောက်ပံ့အကြံပြုသည်။ ဖောင်ဒေးရှင်းဆိုင်ရာ မဟာဗျူဟာမြောက် လမ်းညွှန်မှုကို ပံ့ပိုးပေးခြင်း အရည်အသွေး မြှင့်တင်မှုကို ညွှန်ပြပေးခြင်းတို့ဖြင့် လုပ်ငန်းအစီအစဉ်များ ထိရောက်မှုတို့ကို အကဲဖြတ်ပေးသည်။

ဘဏ္ဍာရေးဌာန

ဘဏ္ဍာရေးအရာရှိချုပ်၏ ဦးဆောင်မှုဖြင့် ဖောင်ဒေးရှင်း၏ ဘဏ္ဍာရေးနှင့် စာရင်းအင်းတို့ကို ကိုင်တွယ်ဆောင်ရွက်သည်။

လုပ်ငန်းကွပ်ကဲရေးဌာန

လုပ်ငန်းကွပ်ကဲရေးအရာရှိချုပ်၏ ဦးဆောင်မှုဖြင့် ဖောင်ဒေးရှင်း၏ လုပ်ငန်းလည်ပတ်မှုတို့ကို ကြီးကြပ်ကွပ်ကဲရေးကို ဆောင်ရွက်သည်။

မဟာဗျူဟာဌာန

မဟာဗျူဟာရေးအရာရှိချုပ်၏ ဦးဆောင်မှုဖြင့် ဖောင်ဒေးရှင်း၏ မဟာဗျူဟာရေးရာ ကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်သည်။

အိုင်တီဌာန

အိုင်တီအရာရှိချုပ်၏ ဦးဆောင်မှုဖြင့် ဖောင်ဒေးရှင်း၏ သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်သည်။

ဖွံ့ဖြိုးရေးဌာန

ဖွံ့ဖြိုးရေးအရာရှိချုပ်၏ ဦးဆောင်မှုဖြင့် ဖောင်ဒေးရှင်း၏ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်သည်။

လူ့စွမ်းအားဌာန

လူ့စွမ်းအားအရာရှိချုပ်၏ ဦးဆောင်မှုဖြင့် ဖောင်ဒေးရှင်း၏ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို ဆောင်ရွက်သည်။