DPF Education and Research Funding 2024
Dhammapariyāya Foundation
Education & Research Funding Program
2024 Scheme
အရည်အသွေးပြည့်မီသော ပညာရေးနှင့် ထူးချွန်ပြောင်မြောက်သော သုတေသနလုပ်ငန်းများမှတဆင့် အသိပညာများ ဖန်တီးနိုင်မှုနှင့် ပြန့်ပွားနိုင်မှုတို့ကို အမှီပြုလျက် လောကဟိတ လုပ်ငန်းရပ်များကို ရွက်ဆောင်နိုင်သော အနာဂတ်အင်အားစုတစ်ရပ်၏ စွမ်းအားဖြင့် ရည်ရှည် ဖွံ့ဖြိုးတိုးတက် ငြိမ်းအေးချမ်းမြသော လောကဝန်းကျင် ဖြစ်ထွန်းပေါ်ပေါက်လာစေရန် ပရိယတ္တိအခြေပြု ပိဋကတ်ဗဟိုပြု သုတေသနအထူးပြုလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်နေကြသူများအား ပံ့ပိုးထောက်ပံ့ကူညီရေးကို အကောင်အထည်ဖော်သည့်အနေဖြင့် ပိဋကဗဟိုပြု ပညာရေးကဏ္ဍနှင့် အခြားသော ဆက်နွယ်ရာအပိုင်းများတွင် သုတေသနလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးရေးအတွက် အလားအလာကောင်းများ ရှိထားသည့် တစ်ဦးချင်း၊ အစုအဖွဲ့နှင့် တက္ကသိုလ်များအား ဘက်ပေါင်းစုံမှ ပံ့ပိုးထောက်ပံ့ကူညီရေးကို အပိုင်း ၄-ပိုင်း ခွဲ၍ ဖြည့်ဆည်းဆောင်ရွက်နေပါသည်။
(A) Postdoctoral Research Fellowship – ပါရဂူဘွဲ့လွန်သုတေသနဆု
မြန်မာနိုင်ငံတလွှား ဗုဒ္ဓတက္ကသိုလ်များ၌ စာပေပို့ချမှုနှင့် သုတေသနလုပ်ငန်းတို့ကို ပူးတွဲဆောင်ရွက်နေသော ပါရဂူဘွဲ့ ရရှိပြီးသူ ရဟန်း/သီလရှင် သုတေသီ-ကထိကများ
(B) Postgraduate Research Grant – ဘွဲ့လွန်သုတေသနဆု
မြန်မာနိုင်ငံတလွှား ဗုဒ္ဓတက္ကသိုလ်များ၌ မဟာတန်း (သို့) ပါရဂူတန်း တက်ရောက်၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်နေသော ရဟန်း/သီလရှင် သောတုဇန-သုတေသီများ
(C) Undergraduate Education Scholarship – ဘွဲ့ကြိုပညာသင်ဆု
မြန်မာနိုင်ငံတလွှား ဗုဒ္ဓတက္ကသိုလ်များ၌ ဘွဲ့ကြိုတန်း တက်ရောက်၍ ပညာသင်ယူနေသော ရဟန်း/သီလရှင် သောတုဇနများ
(D) Research & Innovation Award – သုတေသနဆန်းသစ်တီထွင်ဆု
မြန်မာနိုင်ငံတလွှား ဗုဒ္ဓစာပေလေ့လာရေးနှင့်တကွ ဆက်နွယ်ရာဧရိယာများအတွင်း သုတေသနနှင့် ဆန်းသစ်တီထွင်မှုများကို တစိုက်မတ်မတ် ဖန်တီးဖော်ဆောင်နေကြသော ရဟန်း/သီလရှင် သုတေသီများ
စုံစမ်းရန်
ပညာရေးနှင့် သုတေသနဆုများဆိုင်ရာ အချက်အလက်အသေးစိတ်တို့ကို သိရှိလိုပါက ဓမ္မပရိယာယဖောင်ဒေးရှင်း သတင်းနှင့်ပြန်ကြားရေးဌာနများတွင် လေ့လာစုံစမ်းနိုင်ပါသည်။
အစီအစဉ်အသေးစိတ်
https://dhammapariyaya.org/erf/
စုံစမ်းရန်
https://dhammapariyaya.org/contact/
DPF R&D Funding 2024/8
You May Also Like
DPF ERD Funding 2025/10 – Pāḷi Talk Speakers
May 15, 2025
DPF KPDL Online Access Supply – 2026 – Tipiṭaka Nikāya Monastery
March 22, 2026