Award

Research & Innovation Award – No Scheme in 2023

Dhammapariyāya Foundation

(3) Education & Research Funding Program

(D) Research & Innovation Award

သုတေသနနှင့် ဆန်းသစ်တီထွင်မှုဆု

ဗုဒ္ဓစာပေလေ့လာရေးနှင့်တကွ ဆက်နွယ်ရာဧရိယာများအတွင်း သုတေသနလုပ်ငန်းများနှင့် ဆန်းသစ်တီထွင်မှုများကို ဆောင်ရွက်နေကြသော သုတေသီ ပညာရှင် ရဟန်း သီလရှင် လူပုဂ္ဂိုလ်များအတွက် ရည်ရွယ်သည့် အနှောင့်အဖွဲ့ ကင်းရှင်းသော ဂုဏ်ပြုဆု ချီးမြှင့်လှူဒါန်းမှု အစီအစဥ်ဖြစ်သည်။

ဂုဏ်ပြုဆုရွေးချယ်ရေးအဖွဲ့

ဗုဒ္ဓစာပေလေ့လာရေးနယ်ပယ်တို့၌ သုတေသနလုပ်ငန်းစဥ်များတွင် လိမ္မာကျွမ်းကျင်သော ပါရဂူများ ပါဝင်သည့် တတ်သိပညာရှင်အဖွဲ့မှ ဂုဏ်ပြုဆုရရှိသူကို စိစစ်ရွေးချယ်မည်။


အမည်တင်သွင်းခြင်း

သုတေသနနှင့် ဆန်းသစ်တီထွင်မှုများကို တစိုက်မတ်မတ် ဆောင်ရွက်နေကြသော သုတေသီများ၏ ဗုဒ္ဓစာပေလေ့လာရေးနှင့်တကွ ဆက်နွယ်ရာဧရိယာများအတွင်း ဖန်တီးဖော်ဆောင်မှုများကို အခြေပြု၍ အမည်စာရင်းတင်သွင်းမှုကို အချိန်ကာလ အနေအထားအလိုက် ပုံမှန် စီစဉ်ဆောင်ရွက်မည်ဖြစ်သည်။

ဇကာတင်ရွေးချယ်ခြင်း

ရရှိထားသော အမည်စာရင်းတင်သွင်းချက်များကို ဂုဏ်ပြုဆုရွေးချယ်ရေးအဖွဲ့မှ စိစစ်၍ ဇကာတင်စာရင်းပြုစုမည်ဖြစ်သည်။

ဆုချီးမြှင့်ခြင်း

ဇကာတင်ရွေးချယ်ထားသည့် စာရင်းအတွင်း ပြောင်မြောက်သော သုတေသန ဆန်းသစ်ဖန်တီးနိုင်မှု အကောင်းဆုံးနှင့် ဗုဒ္ဓစာပေလေ့လာရေးနှင့်တကွ ဆက်နွယ်ရာဧရိယာများအပေါ် အကျိုးသက်ရောက်မှု အရှိဆုံးကို ရွေးချယ်၍ ဂုဏ်ပြုဆု ချီးမြှင့်မည်ဖြစ်သည်။


သုတေသနပြပွဲ

ဓမ္မပရိယာယဖောင်ဒေးရှင်းက ကျင်းပမည့် ပြပွဲများတွင် သုတေသန တီထွင်ဆန်းသစ်မှုတို့ကို ဆုရရှိသူကိုယ်တိုင် ပြသနိုင်ပါမည်။

သုတေသနဟောပြောပွဲ

ဓမ္မပရိယာယဖောင်ဒေးရှင်းမှ ကျင်းပမည့် သုတေသနဟောပြောပွဲများတွင် သုတေသနနှင့် တီထွင်မှုဆိုင်ရာများကို ဆုရရှိသူကိုယ်တိုင် ဟောပြောနိုင်ပါမည်။

သုတေသနဆန်းသစ်မှုထုတ်ဝေဖြင်း

ဓမ္မပရိယာယဖောင်ဒေးရှင်းမှ စီစဉ်သော ထုတ်ဝေဖြန့်ချီမှုများတွင် ဆုရရှိသူ၏ ဖန်တီးတီထွင်မှုများကို ထုတ်ဝေဖြန့်ချီနိုင်ပါမည်။

***

အထက်ပါ အချက်အလက်များ အချိန်နှင့်အမျှ ပြောင်းလဲမှု ရှိနိုင်ပါသည်။

အသေးစိတ် သိလိုပါက info@dhammapariyaya.org အီးမေးသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။