• Audio,  Project,  RIN

    DPF Pitaka Audio Project

    ဓမ္မပရိယာယဖောင်ဒေးရှင်းသုတေသနဦးဆောင်မှုနှင့် ကွန်ယက်အစီအစဉ်ပိဋကအော်ဒီယိုစီမံကိန်း ဆဋ္ဌသင်္ဂါယနာတင် ပိဋကတ် ပါဠိတော်များကို ရွတ်ဖတ်သရဇ္ဈာယ်အသံသွင်းယူ၍ ပါဠိစာပေ သင်ယူလေ့လာသူများ လွယ်လင့်တကူ နာယူမှတ်သားနိုင်ဖို့ရာ အသံသီးသန့်နှင့်တကွ အသံ+ပါဠိစာသား ပေါင်းစပ်ထားသည့် အသွင်အပြင်များဖြင့် ပေါင်းစပ်၍ အွန်လိုင်းပိဋကအသံများ ထုတ်ဝေဖြန့်ချီမည် ဖြစ်ပါသည်။ ဤပိဋကအသံတော်များသည် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဖြစ်တော်မူကြသော ပိဋကတ်ဝန်ဆောင် မထေရ်ရှင်မြတ်တို့၏ ဂုဏ်ကျေးဇူးကို အလေးအမြတ်ပြု၍ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းကြီးဖြစ်ပါသည်။ ဤလုပ်ငန်းစီမံကိန်းသည် ပိဋကတ် ပါဠိတော် အဋ္ဌကထာ ဋီကာနှင့်တကွ ပိဋကတ်သင်ရိုးကျမ်းစာများ သင်ကြားမှုစနစ်များကို ရုပ်သံမှတ်တမ်းများ အသံသီးသန့်မှတ်တမ်းများ ဖန်တီးပြုလုပ်ခြင်း စုစည်းခြင်း…