DPF Dhammarasa Project 2025
ဓမ္မပရိယာယဖောင်ဒေးရှင်း
သုတေသနနှင့်တီထွင်ဆန်းသစ်မှု ဖွံ့ဖြိုးရေးအစီအစဉ်
ဓမ္မရသစီမံကိန်း
ယုံကြည်သက်ဝင်မှုများကို အခြေပြု၍ ဖြစ်တည်နေသည့် အစားအသောက်များ၊ စားသုံးမှုဆိုင်ရာ ပုံဖော်ဖန်တီးမှုများ၏ အခန်းကဏ္ဍကို အလေးအနက် ဗဟိုပြု၍ သက်ရှိရပ်ဝန်းအတွင်း ညီညွတ်မျှတသော စားသောက်မှုစနစ်များ၊ ရည်ရှည်တည်တံ့ဖွံ့ဖြိုးရေးကို ရှေးရှုသော စားသုံးမှုပုံစံများနှင့်တကွ ကောင်းမွန်မှန်ကန်ပြည့်၀သော အရသာရရှိနိုင်ရေးတို့ကို ဖန်တီးဖော်ဆောင်မည်ဖြစ်သည်။
ဤလုပ်ငန်းစီမံကိန်းသည် ပရိယတ္တိပညာရေးပိုင်းဆိုင်ရာ ပိဋကတ်ပညာ သင်ယူလေ့လာမှုနှင့် သင်ကြားပို့ချမှုတို့မှ ပေါ်ထွက်လာသော သဘောတရားပိုင်း စမ်းသပ်မှုပိုင်းနှင့်တကွ အသုံးချသုတသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အရည်အသွေး ပြည့်မီစွာ အကောင်အထည် ဖော်ဆောင်မည့် ဓမ္မပရိယာယ Research Projectလုပ်ငန်းကြီး၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါသည်။
ဤလုပ်ငန်းတွင် ယုံကြည်သက်ဝင်မှုဆိုင်ရာ အယူအဆများနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံဆိုင်ရာ ရှုထောင့်များကို အခြေခံ၍ သက်ရှိရပ်ဝန်းအတွက် သင့်လျော်မှန်ကန်သော စားသုံးမှုပုံစံများ ဖန်းတီးရေးအတွက် အစားအစာနှင့် အာဟာရဆိုင်ရာ သဘောတရားများနှင့်တကွ ကျန်းမာရေးဆိုင်ရာ လိုက်နာကျင့်သုံးမှုများကို ပေါင်းစပ်အသုံးပြုမည်ဖြစ်ပါသည်။
ဤနည်းစနစ်ဖြင့် ယုံကြည်သက်ဝင်မှု၊ ယဉ်ကျေးမှုနှင့် စားသုံးမှုဆိုင်ရာ သဘောတရားများကို အခြေပြု၍ ကောင်းမွန်စစ်မှန်သော အရသာရှိသည့် စားသောက်ကုန်များ ဖန်တီးထုတ်လုပ်နိုင်ရန် ဗုဒ္ဓစာပေလေ့လာရေးကဏ္ဍကြီး၏ သင်ကြားပို့ချမှုလုပ်ငန်းများနှင့် သုတေသနလုပ်ငန်းများကို အတားအဆီး အပိတ်အပင် အကန့်အသတ်မရှိ ကျယ်ပြန့်စွာ အကောင်အထည် ဖော်နိုင်မည်ဖြစ်ပါသည်။
More info @ Research & Innovation Development Program
More info @ Research & Innovation Development Project
You May Also Like
DPF Education Management Project 2023
May 1, 2023
DPF – Paṇītāhāra – Tibhāgabhojanavidhi – Culinary Tour
January 15, 2026