DPF Education & Research Funding Network
ပညာရေးနှင့်သုတေသန ဖွံ့ဖြိုးရေး ပံ့ပိုးမှုကွန်ယက်
ဓမ္မပရိယာယဖောင်ဒေးရှင်း၏ ပညာရေးနှင့် သုတေသန ဖွံ့ဖြိုးရေး ပံ့ပိုးမှုအဖြစ် မြန်မာနိုင်ငံတလွှား ဗုဒ္ဓတက္ကသိုလ်များ၌ ပညာသင်ယူနေကြသော သောတုဇနများနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်နေကြသော သုတေသီများကို ရွေးချယ်၍ သုတေသနထောက်ပံ့ဆုများ ချီးမြှင့်လျက်ရှိပါသည်။
အဦးအစအနေနှင့် MAနှင့် PhDအဆင့် သုတေသနလုပ်ငန်းများကို ဦးစားပေး ရွေးချယ်၍ မြန်မာနိုင်ငံတလွှားမှ ဗုဒ္ဓတက္ကသိုလ်များနှင့် ချိတ်ဆက်ဆောင်ရွက်နေသည့်အပြင် ဆက်လက်၍လည်း တိုးချဲ့ချိတ်ဆက်ရန် အစီအစဉ်များ ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
ဤဆုချီးမြှင့်မှုသည် သမိုင်းတံခွန်memorial Research Grantအစီအစဉ်နှင့် ဓမ္မပရိယာယဖောင်ဒေးရှင်း၏ ပညာရေးနှင့် သုတေသန ဖွံ့ဖြိုးရေး ပံ့ပိုးမှုအစီအစဉ်တို့၏ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုဖြစ်ပါသည်။
အစီအစဉ်အသေးစိတ်ကို https://dhammapariyaya.org/education-and-research-funding/ တွင် လေ့လာကြည့်ရှုနိုင်ပါသည်။
အစီအစဉ်နှင့် ပတ်သက်၍ သိလိုသည်များကို https://dhammapariyaya.org/contact/ မှတဆင့် မေးမြန်းစုံစမ်းနိုင်ပါသည်။
DPF Research Grant Award 2023/02
You May Also Like
DPF Library Management System Project 2024
April 12, 2024
Dhammapariyāya Research Journal – 2026 – Paper Call
September 6, 2025