DPF Piṭaka Palmleaf Preservation Project
ဓမ္မပရိယာယဖောင်ဒေးရှင်း
သုတေသနဦးဆောင်မှုနှင့် ကွန်ယက်အစီအစဉ်
ပိဋကတ်ပေစာများ ထိမ်းသိမ်းရေးစီမံကိန်း
မြန်မာနိုင်ငံတလွှားရှိ ဗုဒ္ဓတက္ကသိုလ်များ၏ ပိဋကတ်တိုက်များနှင့် စာကြည့်တိုက်များတွင် စုစည်းထားသော ရှေးဟောင်းပိဋကတ်ပေစာများကို ကြာရှည်စွာ တည်တံ့စေရန် စနစ်တကျ ပြင်ဆင်ထိမ်းသိမ်း၍ ဒီဂျစ်တယ်မူပြုလုပ်ကာ ဗုဒ္ဓစာပေ သင်ယူလေ့လာသူများနှင့် သုတေသီများ လွယ်လင့်တကူ လေ့လာကြည့်ရှုနိုင်ဖို့ရာ အွန်လိုင်းဒေတာဘေစ့်ကွန်ယက်တွင် ခင်းကျင်းပြသမည်ဖြစ်ပါသည်။
ဤလုပ်ငန်းစီမံကိန်းသည် ပိဋကဗဟိုပြုပညာရေးနှင့်တကွ ဆက်နွယ်ရာ ဘာသာရပ်များဆိုင်ရာ အချက်အလက်များကို စုစည်းခြင်း စိစစ်ခြင်း မျှဝေခြင်းဆိုင်ရာ ဓမ္မ၀ဍ္ဎိ Data Management Project အချက်အလက်စီမံခန့်ခွဲမှုလုပ်ငန်းကြီး၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါသည်။
ထိုလုပ်ငန်းတွင် ဒီဂျစ်တယ်အချက်အလက်များကို စနစ်တကျ သိုမှီးနိုင်ရေး နေရာမရွေး အသုံးပြုနိုင်ရေးနှင့်အတူ ရည်ရှည် ထိမ်းသိမ်းစောင့်ရှောက်ရေးတို့ကို အထူးအလေးပေးသည့် ဒီဂျစ်တယ်မော်ကွန်းတိုက်စနစ်အနေနှင့် Enterprise Management Systemဖြင့် တည်ဆောက်ထားသော Institutional Repository Softwareနည်းပညာရပ်များကို အသုံးပြုမည်ဖြစ်ပါသည်။
ဤနည်းစနစ်ဖြင့် ရှေးဟောင်းပိဋကတ်ပေစာများ၏ ဒီဂျစ်တယ်မူတို့ကို အွန်လိုင်း/အော့ဖ်လိုင်း ဒေတာဘေစ့်ပေါ်တွင် လွယ်ကူပွင့်လင်းစွာ ရယူအသုံးပြုနိုင်မည်ဖြစ်၍ ဗုဒ္ဓစာပေလေ့လာရေးကဏ္ဍကြီး၏ သုတေသနလုပ်ငန်းများကို အတားအဆီး အပိတ်အပင် အကန့်အသတ်မရှိ ကျယ်ပြန့်စွာ အကောင်အထည် ဖော်နိုင်မည်ဖြစ်ပါသည်။
More info @ Research Initiative & Network Program
More info @ Research & Network Project
You May Also Like
DPF Dhammavuddhi Research Repository Project 2024
March 9, 2024
DPF Research Grand Award 23/2 Recipient List
October 25, 2023