
DPF Greet & Meet – Research Grant Award 24/01
Dhammapariyāya Foundation
Research Grant Award 2024/1
Greet & Meet
Date: 19 Aug 2024
Time: 3:00 pm onwards
Online: Zoom Meeting
Event Program:
– Foundation President – Welcome Speech & Foundation Introduction
– Research Grant Recipients – Individual Research Work Highlight
– Research Supervisors & Researchers – Discussion & Suggestion
– President – Vote of Thanks
ဓမ္မပရိယာယဖောင်ဒေးရှင်း၏ ၅-ကြိမ်မြောက် သမိုင်းတံခွန်သုတေသနဆု (၂၀၂၄/၁) ရရှိသူများ တွေ့ဆုံမိတ်ဆက်ပွဲကို အွန်လိုင်းမှတဆင့် ကျင်းပပြုလုပ်ရာ ဥက္ကဋ္ဌဆရာတော်၊ ကျမ်းကြီးကြပ်ဆရာများ၊ ဆုရ ရဟန်းတော် သီလရှင်များ၊ ပြည်တွင်းပြည်ပမှ ကထိက/သုတေသီများ တက်ရောက်ကြပါသည်။
အခမ်းအနားကို ဗုဒ္ဓပဏာမ ၃ကြိမ် ပူဇော်ရွတ်ဆို ဖွင့်လှစ်ပါသည်။
အစီအစဉ်-၁အရ ဥက္ကဋ္ဌဆရာတော်မှ အဖွင့် နှုတ်ခွန်းဆက်စကားနှင့် ဖောင်ဒေးရှင်း၏ လုပ်ငန်းအစီအစဉ်များဆိုင်ရာ မိတ်ဆက်စကား ပြောကြားပါသည်။
အစီအစဉ်-၂အရ သုတေသနဆု လက်ခံရရှိကြသည့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များမှ အမ်အေသုတေသီ ရဟန်းတော် ၄ပါး၊ သီလရှင် ၄ပါးတို့က သက်ဆိုင်ရာ သုတေသနလုပ်ငန်းများကို ရှင်းလင်းပြောကြားပါသည်။
အစီအစဉ်-၃အရ သက်ဆိုင်ရာ ကျမ်းကြီးကြပ်ဆရာများက သုတေသနလုပ်ငန်းဆိုင်ရာ အမှာစကားများ ပြောကြားပါသည်။ ပြည်တွင်းပြည်ပမှ ကထိက/သုတေသီများမှ သုတေသနလုပ်ငန်းကိစ္စများကို ဆွေးနွေးအကြုံပြု ကြပါသည်။ ယခင်နှစ်များမှ သမိုင်းတံခွန်သုတေသနဆုရ သုတေသီများမှလည်း သုတေသနဆိုင်ရာ ကိစ္စရပ်များကို ဖြည့်စွက်အကြံပြုကြပါသည်။
အစီအစဉ်-၄အရ ဥက္ကဋ္ဌဆရာတော်မှ ကျေးဇူးတင်စကား ပြောကြားပါသည်။
အစီအစဉ်အဆုံးသတ်အနေနှင့် ဖောင်ဒေးရှင်း၏ မျှော်မှန်းချက်ဖြစ်သော စိရံ တိဋ္ဌတု သဒ္ဓမ္မော ၃ကြိမ် ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းပါသည်။
Event info @
https://dhammapariyaya.org/events/
https://dhammapariyaya.org/rga-24-1-recipient-list/
You May Also Like

Dhammapariyāya Core Value
October 12, 2021
DPF Education and Research Funding 2025
January 9, 2025