Kuthodaw Piṭaka Digital Library Project 2025
ဓမ္မပရိယာယဖောင်ဒေးရှင်း
သုတေသနဦးဆောင်မှုနှင့်ကွန်ယက်အစီအစဉ်
ကုသိုလ်တော်ပိဋကဒီဂျစ်တယ်စာကြည့်တိုက်စီမံကိန်း ၂၀၂၅
အွန်လိုင်းဒီဂျစ်တယ် စာကြည့်တိုက်ပေါ်တွင် မန္တလေးမြို့ ကုသိုလ်တော်ဘုရား ပိဋကတ် ကျောက်စာများကို ကမ္ဘာတလွှားမှ ပါဠိစာပေပညာရှင်များ ပိဋကတ်မြတ်နိုးသူများ လွယ်လင့်တကူ လေ့လာကြည့်ရှုနိုင် မည်ဖြစ်ပါသည်။
Kuthodaw Piṭaka Digital Library > https://kuthodawpitaka.org/
ဤလုပ်ငန်းစီမံကိန်းသည် ပိဋကဗဟိုပြုပညာရေးနှင့်တကွ ဆက်နွယ်သည့် ဘာသာရပ်များဆိုင်ရာ အချက်အလက်များကို စုစည်းခြင်း စိစစ်ခြင်း မျှဝေခြင်းဆိုင်ရာ ဓမ္မဝုဍ္ဎိ Data Management Project အချက်အလက်စီမံခန့်ခွဲမှုလုပ်ငန်းကြီး၏ အစိတ်အပိုင်း တစ်ရပ် ဖြစ်ပါသည်။
ဤစီမံကိန်းကို သီတဂူဗုဒ္ဓတက္ကသိုလ် မန္တလေး၏ နည်းပညာရပ်ဆိုင်ရာ ကိစ္စရပ်များအတွက် အကျိုးတူပူးပေါင်းဆောင်ရွက်မှုအနေနှင့် စီမံဆောင်ရွက်နေပါသည်။
SBAM KPDL Project > https://sbamdy.edu.mm/kuthodaw-pitaka/
ထိုလုပ်ငန်းတွင် ဒီဂျစ်တယ်အချက်အလက်များကို စနစ်တကျ သိုမှီးနိုင်ရေး နေရာမရွေး အသုံးပြုနိုင်ရေးနှင့်အတူ ရည်ရှည် ထိမ်းသိမ်းစောင့်ရှောက်ရေးတို့ကို အထူးအလေးပေးသည့် အချက်အလက်ကဏ္ဍစီမံမှုစနစ်အနေနှင့် Content Management Systemဖြင့် တည်ဆောက်ထားသော နည်းပညာရပ်ကို အသုံးပြုမည်ဖြစ်ပါသည်။
ဤနည်းစနစ်ဖြင့် ရှေးဟောင်း ပိဋကတ်စာပေဆိုင်ရာ အချက်အလက်များကို အွန်လိုင်း ဒေတာဘေစ့်မှတဆင့် လွယ်ကူစွာလေ့လာအသုံးပြုနိုင်မည်ဖြစ်၍ ဗုဒ္ဓစာပေလေ့လာရေးကဏ္ဍကြီး၏ သုတေသနလုပ်ငန်းများကို အတားအဆီး အပိတ်အပင် အကန့်အသတ်မရှိ ကျယ်ပြန့်စွာ အကောင်အထည် ဖော်နိုင်မည်ဖြစ်ပါသည်။
More info
Research Initiative & Network Program
Research Initiative & Network Project
DPF R&D Funding 2025/1
You May Also Like
DPF KPDL Project – DH Preservation 2025
July 29, 2025
Support for Education and Research 2025
June 19, 2025