DPF Library Restoration and Reconstruction 2025
ဓမ္မပရိယာယဖောင်ဒေးရှင်း
လူမှုရေးရာတာဝန်ယူမှုစီမံကိန်းနှင့် စာကြည့်တိုက်ဖွံ့ဖြိုးရေးစီမံကိန်း ၂၀၂၅
သဘာ၀ဘေးဒဏ်သင့် စာကြည့်တိုက်/ပိဋကတ်တိုက်များ ပြန်လည်ပြင်ဆင်တည်ဆောက်ရေးလုပ်ငန်း
လုပ်ငန်းအနေအထား
သဘာ၀ဘေးအန္တရယ်ကြောင့် ဖြစ်ပေါ်လာသော လူနှင့်လူပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများအကြား လူမှုရေးရာတာဝန်ယူမှုနှင့် စာကြည့်တိုက်ဖွံ့ဖြိုးရေးလုပ်ငန်းများအဖြစ် စာကြည့်တိုက်များ ပြန်လည်ပြင်ဆင်တည်ဆောက်ရေးလုပ်ငန်းကြီးကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သည်။
ဤလုပ်ငန်းစီမံကိန်းသည် သုတေသနဦးဆောင်မှုနှင့် ကွန်ယက်အစီအစဉ်များဆိုင်ရာ လူမှုရေးရာတာဝန်ယူမှုစီမံကိန်းနှင့် စာကြည့်တိုက်ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းကြီးများ၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်ပါသည်။
လုပ်ငန်းဆောင်ရွက်မှု
ထိုလုပ်ငန်းတွင် သဘာ၀ဘေးအန္တရယ် ခံရသော ဒေသများအတွင်းရှိ စာကြည့်တိုက်များ ပြန်လည်ပြုပြင်ခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများကို ပံပိုးထောက်ပံ့ရေးနှင့် အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်မည်ဖြစ်ပါသည်။
မျှော်မှန်းချက်
ရည်ရှည် ဖွံ့ဖြိုးတိုးတက် ငြိမ်းအေးချမ်းမြသော လောကဝန်းကျင် ဖြစ်ထွန်းပေါ်ပေါက်စေရန် ကရုဏာပညာဦးစီးသော လူသားချင်းစာနာထောက်ထားမှုနှင့် လူမှုရေးတာဝန် ၀တ္တရားများဆိုင်ရာ လုပ်ငန်းကြီးများအဖြစ် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကြီးကို ခွဲခြားကန့်သတ်မှုမှုမရှိ ကျယ်ပြန့်စွာ အကောင်အထည် ဖော်နိုင်မည်ဖြစ်ပါသည်။
ငလျင်ဒဏ်သင့် စာကြည့်တိုက်/ပိဋကတိုက်များ မြေပုံ
You May Also Like
Dhammapariyāya Strategic Vision
October 24, 2021
DPF Greet & Meet – Research Grant Award 24/1
August 15, 2024