DPF Nutrition Care 2025
ဓမ္မပရိယာယဖောင်ဒေးရှင်း
လူမှုရေးရာတာဝန်ယူမှုစီမံကိန်းနှင့် ဓမ္မရသစီမံကိန်း
အာဟာရစောင့်ရှောက်မှုလုပ်ငန်း (အရေးပေါ်ကယ်ဆယ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီ)
လုပ်ငန်းအနေအထား
သဘာ၀ဘေးအန္တရယ်ကြောင့် ဖြစ်ပေါ်လာသော လူနှင့်လူပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများအကြား အရေးပေါ်ကယ်ဆယ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီ လုပ်ငန်းများအဖြစ် အာဟာရပြည့်၀ရေးစောင့်ရှောက်မှုလုပ်ငန်းကြီးကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သည်။
ဤလုပ်ငန်းစီမံကိန်းသည် သုတေသနတီထွင်ဆန်းသစ်မှုဖွံ့ဖြိုးရေးအစီအစဉ်နှင့် သုတေသနဦးဆောင်မှုနှင့်ကွန်ယက်အစီအစဉ်များ ဆိုင်ရာ လူမှုရေးရာတာဝန်ယူမှုစီမံကိန်းနှင့် ဓမ္မရသစီမံကိန်းလုပ်ငန်းကြီးများ၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်ပါသည်။
လုပ်ငန်းဆောင်ရွက်မှု
ထိုလုပ်ငန်းတွင် သဘာ၀ဘေးအန္တရယ် ကျရောက်လာသည့်အခါ အစာရေစာငတ်မွတ်ခေါင်းပါးမှုနှင့် အာဟာရမပြည့်၀မှု လျော့ပါးရေးလုပ်ငန်းများ၊ အစာအာဟာရချို့တဲ့မှု မဖြစ်ပေါ်စေရန် ကြိုတင်ပြင်ဆင်ခြင်းနှင့် ကာကွယ်ခြင်းလုပ်ငန်းများ၊ အာဟာရချို့တဲ့မှုများကို ကူညီပံပိုးထောက်ပံ့ရေးနှင့် အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်မည်ဖြစ်ပါသည်။
မျှော်မှန်းချက်
ရည်ရှည် ဖွံ့ဖြိုးတိုးတက် ငြိမ်းအေးချမ်းမြသော လောကဝန်းကျင် ဖြစ်ထွန်းပေါ်ပေါက်စေရန် ကရုဏာပညာဦးစီးသော လူသားချင်းစာနာထောက်ထားမှုနှင့် လူမှုရေးတာဝန်၀တ္တရားများဆိုင်ရာ လုပ်ငန်းကြီးများအဖြစ် ငတ်မွတ်ခေါင်းပါးမှု ပပျောက်ရေးနှင့်တကွ အာဟာရပြည့်၀စွာ သုံးဆောင်နိုင်ရေးလုပ်ငန်းကြီးကို ခွဲခြားကန့်သတ်မှုမှုမရှိ ကျယ်ပြန့်စွာ အကောင်အထည် ဖော်နိုင်မည်ဖြစ်ပါသည်။
You May Also Like
DPF – Paṇītāhāra – Tibhāgabhojanavidhi – Culinary Art
February 10, 2026
DPF KPDL Online Access Supply – SPSU Mdy
June 12, 2025