Audio Project,  RID

DPF Pitaka Audio Project 2026

ဓမ္မပရိယာယဖောင်ဒေးရှင်း
သုတေသနဦးဆောင်မှုနှင့် ကွန်ယက်အစီအစဉ်
ပိဋကအော်ဒီယိုစီမံကိန်း
(၂၀၂၃-၂၆)

ဆဋ္ဌသင်္ဂါယနာတင် ပိဋကတ် ပါဠိတော်များကို ရွတ်ဖတ်သရဇ္ဈာယ်အသံသွင်းယူ၍ ပါဠိစာပေ သင်ယူလေ့လာသူများ လွယ်လင့်တကူ နာယူမှတ်သားနိုင်ဖို့ရာ အသံသီးသန့်နှင့်တကွ အသံ+ပါဠိစာသား ပေါင်းစပ်ထားသည့် အသွင်အပြင်များဖြင့် ပေါင်းစပ်၍ အွန်လိုင်းပိဋကအသံများ ထုတ်ဝေဖြန့်ချီမည် ဖြစ်ပါသည်။

ဤလုပ်ငန်းစီမံကိန်းသည် ပိဋကတ် ပါဠိတော် အဋ္ဌကထာ ဋီကာနှင့်တကွ ပိဋကတ်သင်ရိုးကျမ်းစာများ သင်ကြားမှုစနစ်များကို ရုပ်သံမှတ်တမ်းများ အသံသီးသန့်မှတ်တမ်းများ ဖန်တီးပြုလုပ်ခြင်း စုစည်းခြင်း စိစစ်ခြင်း မျှဝေခြင်းဆိုင်ရာ ဓမ္မဃောသ Media Projectလုပ်ငန်းကြီး၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါသည်။

ထိုလုပ်ငန်းတွင် ဒီဂျစ်တယ်အချက်အလက်များကို စနစ်တကျ သိုမှီးနိုင်ရေး နေရာမရွေး အသုံးပြုနိုင်ရေးနှင့်အတူ ရည်ရှည် ထိမ်းသိမ်းစောင့်ရှောက်ရေးတို့ကို အထူးအလေးပေးသည့် ဒီဂျစ်တယ်မော်ကွန်းတိုက်စနစ်အနေနှင့် Enterprise Management Systemဖြင့် တည်ဆောက်ထားသော Institutional Repository Softwareနည်းပညာရပ်များကို အသုံးပြုမည်ဖြစ်ပါသည်။

ဤနည်းစနစ်ဖြင့် ပိဋကတ်ပါဠိတော် အသံဖိုင်များကို အွန်လိုင်းဒေတာဘေစ့်ပေါ်တွင် လွယ်ကူစွာ နာယူလေ့လာနိုင်မည်ဖြစ်၍ ဗုဒ္ဓစာပေလေ့လာရေးကဏ္ဍကြီး၏ သင်ကြားပို့ချမှုလုပ်ငန်းများနှင့် သုတေသနလုပ်ငန်းများကို အတားအဆီး အပိတ်အပင် အကန့်အသတ်မရှိ ကျယ်ပြန့်စွာ အကောင်အထည် ဖော်နိုင်မည်ဖြစ်ပါသည်။

More info
Research Initiative & Network Program
Research Initative & Network Project