• Catalog,  Project,  RIN

    DPF Library Online Catalog Project

    ဓမ္မပရိယာယဖောင်ဒေးရှင်းသုတေသနဦးဆောင်မှုနှင့် ကွန်ယက်အစီအစဉ်စာကြည့်တိုက်အွန်လိုင်းကတ်တလောက်စီမံကိန်း မြန်မာနိုင်ငံတလွှားရှိ ဗုဒ္ဓတက္ကသိုလ်စာကြည့်တိုက်များရှိ စာအုပ်စာရင်းများကို ဗုဒ္ဓစာပေ သင်ယူလေ့လာသူများနှင့် သုတေသီများ လွယ်လင့်တကူ တစ်စုတစ်ဝေး ရှာဖွေကြည့်ရှုနိုင်ဖို့ရာ အွန်လိုင်းကတ်တလောက် တည်ဆောက်မည် ဖြစ်ပါသည်။ ဤလုပ်ငန်းစီမံကိန်းသည် ပိဋကဗဟိုပြုပညာရေးနှင့်တကွ ဆက်နွယ်ရာ ဘာသာရပ်များဆိုင်ရာ သုတေသနလုပ်ငန်းများအတွက် လိုအပ်သော အရင်းအမြစ်နှင့် အချက်အလက်များကို စုစည်းခြင်း စိစစ်ခြင်း မျှဝေခြင်းဆိုင်ရာ ဓမ္မ၀ဍ္ဎိ Data Management Project ဒေတာစီမံခန့်ခွဲမှုလုပ်ငန်းကြီး၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါသည်။ ထိုလုပ်ငန်းတွင် စာကြည့်တိုက်ဆိုင်ရာအချက်အလက်များကို စနစ်တကျ သိုမှီးနိုင်ရေးအတူ စာအုပ်ငှားရမ်းမှုလုပ်ငန်းပိုင်း၊ စာအုပ်ကတ်တလောက် ရှာဖွေကြည့်ရှုမှုအပိုင်းတို့ကို နေရာမရွေး အသုံးပြုနိုင်ရေးတို့ကို…