DPF Learning Management System Project 2025
ဓမ္မပရိယာယဖောင်ဒေးရှင်း
သုတေသနနှင့် ဆန်းသစ်တီထွင်မှု ဖွံ့ဖြိုးရေး အစီအစဉ်
သင်ကြားပို့ချရေးစီမံခန့်ခွဲမှုစနစ်စီမံကိန်း (အိုင်စီတီ ၂၀၂၀-၂၀၂၅)
Dhammapariyāya Foundation
Research & Innovation Development Program
Learning Management System Project (ICT 2020-2025)
ပိဋကတ်ဗဟိုပြု ပရိယတ္တိပညာရေးကို အကန့်အသတ် အပိတ်အပင်မရှိ လွယ်လင့်တကူ သင်ယူလေ့လာဆောင်ရွက်နိုင်ဖို့ရာ အခြေခံပိုင်းနှင့် အဆင့်မြင့်ပိုင်းဆိုင်ရာ သင်ယူလေ့လာမှုနှင့် သင်ကြားပို့ချမှုလုပ်ငန်းများကို စီမံခန့်ခွဲမှုနည်းစနစ်အဖြစ် ဖန်တီးဖော်ဆောင်မည်ဖြစ်ပါသည်။
ဤလုပ်ငန်းစီမံကိန်းသည် ပရိယတ္တိပညာရေးပိုင်းဆိုင်ရာ ပိဋကတ်ပညာ သင်ကြားပို့ချမှု အရည်အသွေးတိုးတက်ရေးကို ဆောင်ရွက်ရန်နှင့်အတူ သင်ကြားနိုင်စွမ်းရည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသုံးချနိုင်စွမ်းရည် တည်ဆောက်ရေးတို့ကို အကောင်အထည် ဖော်ဆောင်မည့် ဓမ္မပရိယာယ Education Projectလုပ်ငန်းကြီး၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါသည်။
ထိုလုပ်ငန်းတွင် ပိဋကတ်ဗဟိုပြု အခြေခံနှင့် အဆင့်မြင့် သင်ရိုးများကို သင်ယူမှု သင်ကြားမှုလုပ်ငန်းများကို စနစ်တကျ စီမံခန့်ခွဲသည့် အွန်လိုင်းစနစ်ဖြစ်သော Learning Management System (LMS)ဖြင့် တည်ဆောက်ထားသော Web & Mobile Appနည်းပညာရပ်များကို AIနည်းပညာရပ်များနှင့် ပေါင်းစပ်အသုံးပြုမည်ဖြစ်ပါသည်။
ဤနည်းစနစ်ဖြင့် ပိဋကတ်ဗဟိုပြု ပရိယတ္တိလုပ်ငန်း သုတေသနအထူးပြု အဆင့်မြင့်ပညာရေးလုပ်ငန်းများ၏ သင်ယူလေ့လာမှုနှင့်တကွ သင်ကြားပို့ချမှု ရပ်ဝန်းကြီးများကို မြေပြင်/အွန်လိုင်းသင်တန်းများပေါ်တွင် လွယ်ကူစွာ ဖော်ဆောင်နိုင်မည်ဖြစ်၍ ဗုဒ္ဓစာပေလေ့လာရေးကဏ္ဍကြီး၏ သင်ကြားပို့ချမှုလုပ်ငန်းများနှင့် သုတေသနလုပ်ငန်းများကို အတားအဆီး အပိတ်အပင် အကန့်အသတ်မရှိ ကျယ်ပြန့်စွာ အကောင်အထည် ဖော်နိုင်မည်ဖြစ်ပါသည်။
ဗုဒ္ဓတက္ကသိုလ်များ မြေပုံ
You May Also Like
DPF Social Responsibility Project 2025
March 29, 2025
DPF ERD Funding 2025/16 – SSBU 12th Int’l Conference – Presenter
November 9, 2025