DPF Piṭaka Palmleaf Preservation Project
ဓမ္မပရိယာယဖောင်ဒေးရှင်းသုတေသနဦးဆောင်မှုနှင့် ကွန်ယက်အစီအစဉ်ပိဋကတ်ပေစာများ ထိမ်းသိမ်းရေးစီမံကိန်း မြန်မာနိုင်ငံတလွှားရှိ ဗုဒ္ဓတက္ကသိုလ်များ၏ ပိဋကတ်တိုက်များနှင့် စာကြည့်တိုက်များတွင် စုစည်းထားသော ရှေးဟောင်းပိဋကတ်ပေစာများကို ကြာရှည်စွာ တည်တံ့စေရန် စနစ်တကျ ပြင်ဆင်ထိမ်းသိမ်း၍ ဒီဂျစ်တယ်မူပြုလုပ်ကာ ဗုဒ္ဓစာပေ သင်ယူလေ့လာသူများနှင့် သုတေသီများ လွယ်လင့်တကူ လေ့လာကြည့်ရှုနိုင်ဖို့ရာ အွန်လိုင်းဒေတာဘေစ့်ကွန်ယက်တွင် ခင်းကျင်းပြသမည်ဖြစ်ပါသည်။ ဤလုပ်ငန်းစီမံကိန်းသည် ပိဋကဗဟိုပြုပညာရေးနှင့်တကွ ဆက်နွယ်ရာ ဘာသာရပ်များဆိုင်ရာ အချက်အလက်များကို စုစည်းခြင်း စိစစ်ခြင်း မျှဝေခြင်းဆိုင်ရာ ဓမ္မ၀ဍ္ဎိ Data Management Project အချက်အလက်စီမံခန့်ခွဲမှုလုပ်ငန်းကြီး၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါသည်။ ထိုလုပ်ငန်းတွင် ဒီဂျစ်တယ်အချက်အလက်များကို စနစ်တကျ သိုမှီးနိုင်ရေး…